ပါဝင်ပစ္စည်များ
- ကြက်ဥ – ၂လုံး
- အသား (ကြိုက်ရာ)
- ငရုတ်သီးစိမ်းတောင့် (အစပ်စားနိုင်သလောက်)
- ပင်စိမ်း (သို့) ရှောက်ရွက်
- ခရုဆီ – ၁ဇွန်းလောက်
- ခရမ်းချဉ်သီး – တလုံး
- ငရုတ်ဆီ – ၂ဇွန်း (တရုတ်ဆိုင်က)
- မဆလာ
ပြုလုပ်နည်း
၁။ ကြက်သွန်အနီ ကို လေးစိတ်ကွဲလီးှထားပါ။
၂။ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ ကိုဓားနုတ် ပေါက်ထားပါ။
၃။ အသားက mince မှကောင်းတယ်။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ ကိုအရင်စထဲ့ ကြော်ပြီး အသားကိုပါ ကျက်သွားအောင် ရောကြော်ပါ။၊
၄။ မုန်လာဥနီ၊ ဘိုစားပဲ၊ ပြောင်:ဖူ:နု ထည့်ပြီး အသားကျက်ရင် ကြက်ဥကို နာနာခလောက်ပြီးထဲ့ကြော်ပါ။
၅။ ခရမ်းချဉ်သီး၊ ငရုတ်သီး ပါးပါးလှီးပြီး၊ ခရုဆီ၊ငရုတ်ဆီ ပါရောလို့ရပါပြီ။
၆။ ပြီးရင် ထမင်းဖြူ တပွဲစာရောပီး နှံ့အောင်မွှေပါ။
၇။ ခြောက်ခြောက်လေး ဖြစ်လာရင် မဆလာ၊ ပင်စိမ်း(သို့) ရှောက်ရွက် ရောပါ။
၈။ ဆား၊ အချိုမှုန့် လိုသလောက် ထဲ့ပါ။ အကြော်လှအောင် ကြက်ဥကို ခေါက်ပီး အပြားလိုက် ခပ်ပါးပါးကြော်ပီးမှ လိပ်ပီး ညှပ်ထည့် ရောမွှေလိုက်ပါ။
Credit: ချက်မယ်၊ စားမယ်