အရသာတမျိုး လေးထူကဲပြီး အလှုမင်္ဂလာပွဲ တွေမှာ သိပ်ကို တောင်းဆိုတဲ့ အရံဟင်းပွဲလေးပါ။ စည်ရဲ့ မြန်မာ့အစားအစာ ပန်းခြံရဲ့ Menu မှာ နာမည်အကြီးဆုံး အရန်ဟင်းပွဲလေးမို ပရိတ်သတ်ကြီးလဲ ချက်စားကြည့်လို့ရအောင် ဖော်ပြလိုက်တယ်နော်…
ပါဝင်ပစ္စည်းများ
ခရမ်းကဆော့သီး – ၅ စီး (အသီးလေးတွေကို ခြွေထားပါ)
ပုစွန် ခြောက်မှုန့် – စားပွဲဇွန်း ၆ ဇွန်း
နနွင်းမှုန့် – လက်ဖက်ဇွန်း ၁ ဇွန်း
ငံပြာရည် – စားပွဲဇွန်း ၃ ဇွန်း ခွဲ
ကြက်သွန်ဖြူ – ၁ ဥ (ထောင်းထားပါ)
ကြက်သွန်နီ – ၆ ဥ (ထောင်းထားပါ)
ငရုတ်သီးထက်ခြမ်းကွဲ – စားပွဲဇွန်း ၃ ဇွန်း ခွဲ ၅ (အစပ်ကြိုက်လျှင် ထပ်ထည့်ပါ)
ဆီ စားပွဲဇွန်း – ၇ ဇွန်း ခွဲ (လိုရင် ထပ်ထည့်ပါ)
မြေပဲ စားပွဲဇွန်း – ၅ ဇွန်း (ထောင်းထားပါ)
ပြုလုပ်နည်း
မကပ်သော အကြော်ဒယ်အိုးထဲမှာ ဆီပူအောင်တည်ပါ။
ဆီ ပူလာလျှင် နနွင်းမှုန့်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီထည့်ပြီး ဆီသတ်ပါ။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ ကျက်လာလျှင် ငံပြာရည်ထည့်ပါ။ အနံ့မွှေးလာလျှင် ကျန်ပစ္စည်းတွေ ထည့်ပြီး ကြော်ပါ။
ခရမ်းကဆော့သီး လေးတွေ နွမ်း လာလျှင် ဟင်းချိုမှုန့်ကိုဖြူးပြီး အပေါ့အငံ မြည်းပြီး လိုတာထပ်ဖြည့်ပါ။ နေ့လည်စာ သခွာသီး၊ သရက်သီး၊ ဒညှင်း တို့စရာတို့ဖြင့်တွဲဖက် စားလျှင် သိပ်လိုက်ဖက်ပါတယ်။
*မှတ်ချက် – အငံ မစားနိုင်သူ များအတွက် အငံပိုကဲတဲ့ ငခြောက်မှုန့်ကို ငံပြာရည် နှင့် ပုစွန်ခြောက် နှစ်ခုလုံးမထည့်ဘဲ အစားထိုးအသုံးပြုနိုင်ပါတယ်။ ကိုယ့်စိတ်တိုင်း ကြ ပါဝင်ပစ္စည်းများကို အတိုးအရှော့လုပ်ပြီး ချက်လဲ အရသာအများကြီး မပြောင်းလဲသွားပါ။
Credit: Syi Foodsgarden