အားလုံးပဲ မင်္ဂလာပါ။ သစ်သီးဖျော်ရည်အေးအေးလေး ကြိုက်နှစ်သက်သူများအတွက် ပါဝင်ပစ္စည်း (၅) မျိုးတည်း ရှိရုံနဲ့ မိမိအိမ်မှာ အလွယ်တကူဖျော်သောက်နိုင်တဲ့ ငှက်ပျောသီး Smoothie ဖျော်ရည် ဖျော်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ငှက်ပျောသီး ၂ လုံး
  • မြေပဲထောပတ် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဒိန်ချဉ် စားပွဲတင်ဇွန်း ၈ ဇွန်း
  • နွားနို့ စားပွဲတင်ဇွန်း ၈ ဇွန်း
  • ရေခဲတုံး အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အရင်ဦးဆုံး ငှက်ပျောသီးကို အခွံခွာပြီး အတုံးငယ်များ တုံးထားလိုက်ပါ။

၂။ ငှက်ပျောသီး ၂ လုံး၊ မြေပဲထောပတ် စားပွဲတင်ဇွန်း ၂ ဇွန်း၊ ဒိန်ချဉ် စားပွဲတင်ဇွန်း ၈ ဇွန်းနှင့် နွားနို့ စားပွဲတင်ဇွန်း ၈ ဇွန်းတို့ကို ဖျော်စက်ထဲထည့်ကာ သမအောင် မွှေပေးလိုက်ပါ။

၃။ ဖန်ခွက်ထဲတွင် ရေခဲတုံး အနည်းငယ် ထည့်ထားလိုက်ပါ။ စောစောကဖျော်ထားသော သစ်သီးဖျော်ရည်ကို ဖန်ခွက်ထဲထည့်ကာ မိနစ်အနည်းငယ်ခန့် အအေးခံထားလိုက်ပါ။

ရေခဲသေတ္တာထဲတွင် မိနစ်အနည်းငယ်ခန့် ထည့်ပြီး အအေးခံထားမယ်ဆိုလည်း ရပါတယ်။

ဖျော်ရည်သောက်ခါနီးကျမှ ဖန်ခွက် အနားသားပေါ်တွင် ငှက်ပျောသီး တစ်စိတ် ကပ်ကာ မြေပဲထောပတ်အနည်းငယ် ဆမ်းထည့်ကာ အလှဆင်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ငှက်ပျောသီး Smoothie ဖျော်ရည်အေးအေးလေးကို အရသာရှိရှိ သောက်သုံးနိုင်ပါပြီ။

Source: Lilluna.com