ချောကလက်ကြိုက်တဲ့သူတွေနဲ့ မုန့်လုပ်ရတာ ဝါသနာပါတဲ့သူတွေအတွက် Peanut butter Mini Chocolate Cake လုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။ Mini Cake လေးဆိုတော့ တကယ့်ကိတ်ကြီးတွေလုပ်ရသလောက် အလုပ်မရှုပ်သလို၊ ခက်လည်းမခက်ပါဘူး။

ပန်းကန်လုံးအကြီးထဲကို Dark Chocolate – ၂၀၀ ဂရမ်နဲ့ ထောပတ် – ၁၀၀ ဂရမ်ထည့်ပြီး အရည်ပျော်အောင်အပူပေးပြီး အရည်ပျော်သွားရင် အအေးခံထားလိုက်ပါ။

နောက်ထပ်ပန်းကန်လုံးအကြီးထဲကို ကြက်ဥ – ၂ လုံးဖောက်ထည့်ပြီး နောက်ထပ်ကြက်ဥ ၂ လုံးကိုတော့ အနှစ်ပဲထည့်ပါမယ်။ အကာမယူပါဘူး။ သကြား – ၁၂၅ ဂရမ် ထည့်ပြီး မွှေပါမယ်။

ခုနကအရည်ပျော်အောင်လုပ်ထားတဲ့ ချောကလက်တွေကို ထည့်ပြီး ဂျုံမှုန့် – စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ကာ မွှေပါမယ်။

သေချာမွှေပြီးရင် အဲ့ဒီချောကလက်တွေကို ပုံစံခွက်လေးထဲကို ဇွန်းနဲ့ခပ်ပြီး တစ်ဝက်ထည့်ပါ။ ပြီးရင် Peanut Butter တစ်ဇွန်းထည့်ပြီး ချောကလက်ကို အပေါ်ကနေထပ်ထည့်ပါမယ်။ ၁၀ မိနစ်လောက် မုန့်ဖုတ်စက်ထဲထည့်ထားပါ။

အချိန်ပြည့်ရင်တော့ ပန်းကန်ထဲထည့်ပြီး ချောကလက်မှုန့်လေးတွေဖြူးပြီး ရေခဲမုန့်နဲ့လည်း တွဲစားလို့ရသလို၊ ဒီတိုင်းစားလို့လည်းရပါတယ်။ ဒါဆိုရင်တော့ အရသာရှိတဲ့ Peanut butter Mini Chocolate Cake ကို ရရှိသွားပါပြီ။

Source: www.twisted.com