အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ အစားအစာလေးကတော့ မြေပဲယို အချိုစာပဲဖြစ်ပါတယ်။ ထမင်းစားပြီးတိုင်းမှာ အချိုစာအနေနဲ့သုံးဆောင်တတ်လေ့ရှိသူများအတွက် မိမိအိမ်မှာပဲ အလွယ်တကူလုပ်စားလို့ရအောင် ဝေမျှပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • မြေပဲအစိမ်း ၁၅၀ ဂရမ်
  • နှမ်းစေ့ ၁၀၀ ဂမ်
  • သကြားအဖြူ ၁၀၀ ဂရမ်
  • ပျားရည် စားပွဲတင်ဇွန်း ၁၂ ဇွန်း
  • ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း

  • ရေ စားပွဲတင်ဇွန်း ၄ ဇွန်း
  • ဆားအနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး မြေပဲစိမ်းများကို အညိုဖျော့ရောင်ပြောင်းသွားသည်အထိ လှော်ပေးလိုက်ပါ။

ဒယ်အိုးနဲ့ မလှော်ချင်ဘဲ Oven နဲ့ လှော်ချင်တယ်ဆိုရင်တော့ Oven ကို ၁၅၀ ဒီဂရီစင်တီဂရိတ်ဖြင့် ကြိုတင်အပူပေးထားပါ။ ထို့နောက် မြေပဲကို Oven ထဲတွင် ၂၅ မိနစ်ခန့် ထည့်ထားနိုင်ပါတယ်။

၂။ ထို့နောက် မြေပဲလှော်ကို ပန်းကန်ထဲ ပြောင်းထည့်ကာ အခွံခွာထားပါ။ ထို့နောက် ဒလှိမ့်တုံးဖြင့် လှိမ့်ပေးလိုက်ပါ။ ပြီးရင်တော့ နှမ်းစေ့ဖြင့် ရောနှောထားလိုက်ပါ။

 

၃။ ဒယ်အိုးတစ်လုံးကို အပူပေးပါ။ သကြား၊ ရေ၊ ဆီ၊ ဆားနျင့် ပျားရည်တို့ထည့်ကာ အလယ်အလတ်မီးအပူချိန်ဖြင့် အပူပေးလိုက်ပါ။

၄။ သကြားရေက ပူစီဖောင်းများ တစီစီဖြင့် အမြှုပ်ထလာတဲ့အခါ သာမိုမီတာဖြင့် တိုင်းကြည့်လိုက်ပါ။ အပူချိန် ၁၂၅ ဒီဂရီ၊ ၁၃၀ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လာပြီဆိုရင်တော့ မြေပဲနှင့် နှမ်းစေ့အရောအနှောများထည့်ကာ မီးအပူချိန်ကို လျော့ချလိုက်ပါ။ (သာမိုမီတာဖြင့် အပူချိန်တိုင်းစဉ်မှာ သာမိုမီတာကို ဒယ်အိုးဖြင့် မထိကပ်စေဘဲ တိုင်းပေးဖို့လိုပါတယ်။)

၅။ မြေပဲ၊ နှမ်းစေ့များနဲ့ သကြားရေများ သမအောင် မွှေပြီးတဲ့နောက်မှာတော့ သတင်းစာစက္ကူခံထားသော လင်ဗန်းထဲသို့ လောင်းထည့်လိုက်ပါ။ ထို့နောက် လေးထောင့်ကျကျလေးဖြစ်သွားအောင် ဇွန်းအပြားအကြီးဖြင့် ပုံဖော်လိုက်ပါ။ မြေပဲယိုက ပူနေစဉ်အတောအတွင်းမှာပဲ ၃ စင်တီမီတာ၊ ၂ စင်တီမီတာခန့် လှီးဖြတ်ထားလိုက်ပါ။

၆။ မိနစ်အနည်းငယ်ကြာအောင် အအေးခံထားပြီးတဲ့နောက်မှာတော့ သန့်စင်ခြောက်သွေ့သော လေလုံဘူးထဲတွင် ရက်သတ္တပတ် ၂ ပတ်ခန့်ကြာအောင် ထည့်သိမ်းထားလိုက်ပါ။

သတ်မှတ်ရက်ပြည့်သွားတဲ့နောက်မှာတော့ အရသာရှိတဲ့မြေပဲယိုကို ထမင်းစားပြီးတဲ့အခါတိုင်း အချိုစာအနေနဲ့ အချိုတည်းနိုင်ပါတယ်။

Source: Chinasichuanfood.com