အားလုံးပဲ မင်္ဂလာပါ။ တရုတ်အစားအစာ ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ ဟင်းချက်နည်းကတော့ တရုတ်စတိုင်လ် ဝက်နံရိုးကြော်ဟင်းလျာပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သွန်မြိတ် ၄ ပင် (ပါးပါးလှီးထားပါ)
  • ဂျင်း ၂ ပြား
  • ကြက်သွန်ဖြူ ၂ မြွှာ (ပါးပါးလှီးထားပါ)
  • ဆား အနည်းငယ်
  • ဟင်းချက်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း

  • ဝက်နံရိုး ၅၀၀ ဂရမ် (အနေတော် အတုံးတုံးထားပါ)
  • နှမ်းစေ့အနည်းငယ်

ဆော့စ်ပြုလုပ်ရန်လိုအပ်သောပါဝင်ပစ္စည်းများ

  • ခရမ်းချဉ်သီးဆော့စ် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ငရုတ်ဆီ စားပွဲတင်ဇွန်းတစ်ဝက်
  • ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပြောင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ရေ စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဝက်နံရိုးများကို ရေဖြင့် စင်ကြယ်အောင် ဆေးကြောပြီးနောက် ရေသန့်သန့်ထဲတွင် ၁၀ မိနစ်ခန့် စိမ်ထားလိုက်ပါ။

၂။ အိုးတစ်လုံးထဲတွင် ရေထည့်ပြီး ရေပွက်ပွက်ဆူလာပါက ဝက်နံရိုးများကို ၂ မိနစ်ခန့် ထည့်ပြုတ်လိုက်ပါ။ ၂ မိနစ်ပြည့်ပါက ဝက်နံရိုးများကို ရေပိုက်ခေါင်းအောက်တွင် ဆေးကြောပြီးနောက် ထိုရေနွေးပူများအစား ရေသန့်သန့်လေးဖြင့် လှယ်ထည့်ထားလိုက်ပါ။

၃။ တစ်ဖန် ထိုဒန်အိုးထဲသို့ ကြက်သွန်မြိတ်၊ ဆားအနည်းငယ်နှင့် ဂျင်းပြားများထည့်ပြီး အလယ်အလတ်မီးအပူချိန်ဖြင့် ၁၅ မိနစ်ခန့် တည်ထားလိုက်ပါ။ ၁၅ မိနစ်ပြည့်ပါက ဝက်နံရိုးများ နူး မနူးစမ်းကြည့်ကာ နူးသွားပါက ဝက်နံရိုးများကို ဆယ်ယူကာ ပန်းကန်လုံးထဲ ပြောင်းထည့်ထားပါ။

၄။ အခြားပန်းကန်လုံးအသေးတစ်လုံးထဲတွင် ခရမ်းချဉ်သီးဆော့စ်၊ ပဲငံပြာရည်အကြည်၊ ငရုတ်ဆီ၊ ဟင်းချက်ဝိုင်၊ ပြောင်းမှုန့်နှင့် ရေတို့ထည့်ပြီး သမအောင် ရောမွှေထားလိုက်ပါ။

၅။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၃ ဇွန်းထည့်ကာ ဆီပူလာပါက ဂျင်းပြားမျာ ထည့်ကာ ဆီသတ်လိုက်ပါ။ အနံ့မွှေးလာပါက ဂျင်းပြားများကို ဖယ်ထုတ်လိုက်ပါ။

၆။ ဝက်နံရိုးထည့်ပြီး အညိုရောင်ပြောင်းသွားသည်အထိ မွှေကြော်ပေးလိုက်ပါ။

၇။ ထို့နောက် စောစောကစပ်ထားသော ဆော့စ်များကို ဝက်နံရိုးပေါ်သို့ လောင်းချကာ သမအောင် ကြော်ပေးလိုက်ပါ။ ဆော့စ်အရည် ပျစ်သွားပါက မီးပိတ်လိုက်ကာ ပန်းကန်ပြားထဲ ပြောင်းထည့်လိုက်ပါ။

စားခါနီးကျမှ ကြက်သွန်မြိတ်နှင့် နှမ်းစေ့အနည်းငယ်ဖြူးကာ အားရပါးရသုံးဆောင်နိုင်ပါပြီ။

Source: Chinasichuanfood.com