ပေါင်မုန့်မီးကင် (သို့) ဆန်းဝှစ်ချ် စားရတာ ကြိုက်နှစ်သက်သူများအတွက် ပေါင်မုန့်နဲ့ လိုက်ဖက်တဲ့ ချိစ် ကြက်ဥမွှေကြော် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။ ကြော်နည်းကတော့ ပုံမှန်ကြက်ဥ ကြော်သလိုပါပဲ။ ချိစ် ထည့်တဲ့အဆင့် တစ်ဆင့်ပဲ ပိုသွားတာပါ။

ပါဝင်ပစ္စည်းများ

  • ကြက်ဥ ၂ လုံး
  • Cheddar ချိစ် ၆၄ ဂရမ် (အချောင်းလိုက် ခြစ်ချထားပါ)
  • ထောပတ် (သို့) သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးတစ်လုံးကို အပူပေးပြီး ထောပတ် (သို့) သံလွင်ဆီထည့်ပါ။

၂။ ပန်းကန်လုံးတစ်လုံးထဲသို့ ကြက်ဥ ၂ လုံး ဖောက်ထည့်ကာ ဆား၊ ငရုတ်ကောင်းမှုန့် အနည်းငယ် ဖြူးထည့်ပြီး သမအောင် မွှေခလောက်ထားပါ။

၃။ ဆီပူလာပြီဆိုရင် (သို့) ထောပတ် အရည်ပျော်သွးတဲ့အခါမှာတော့ မွှေခလောက်ထားသော ကြက်ဥများ လောင်းထည့်လိုက်ပါ။

၄။ ချိစ်များ ကြက်ဥပေါ် ထည့်ပြီးနောက် ကြက်ဥကို အတွင်းသို့ လိပ်ထည့်ကာ မွှေကြော်ပေးလိုက်ပါ။

၅။ (၂) မိနစ်၊ (၃) မိနစ်ခန့် မွှေကြော်ပြီးတဲ့အခါမှာတော့ ပေါင်မုန့်မီးကင်နဲ့ တွဲဖက်စားသုံးနိုင်တဲ့ ချိစ် ကြက်ဥမွှေကြော်လေး ရရှိသွားပါပြီ။

Source: Hurrythefoodup.com