ချိစ်အရသာ အမဲသားလုံးကြော် ပြုလုပ်နည်းက အရမ်းကြီး မခက်ခဲတဲ့အတွက်ကြောင့် ဟင်းချက်ဝါသနာပါသူများအနေနဲ့ စမ်းလုပ်ကြည့်သင့်တဲ့ ဟင်းလျာတစ်မျိုးပဲဖြစ်ပါတယ်။

အသားလုံးပြုလုပ်ရန် လိုအပ်သော ပါဝင်ပစ္စည်းများ

  • ကြက်သွန်နီ အသေး ၁ ဥ (နုပ်နုပ်စဉ်းထားပါ)
  • အမဲသား ၁ ပေါင်ခွဲ (နုပ်နုပ်စဉ်းထားပါ သို့မဟုတ် အသားကြိတ်စက်ဖြင့် ကြိတ်ထားပါ)
  • ငရုတ်ပွ အစိမ်း ၁ ခြမ်းနှင့် အနီ ၁ ခြမ်း (နုပ်နုပ်စဉ်းထားပါ)
  • ကြက်သွန်နီ ၂ မြွှာ (ပါးပါးလှီးထားပါ)
  • ကြက်ဥ ၂ လုံး

  • ချိစ် ပန်းကန်လုံးအသေး တစ်ဝက်စာ
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း

ချိစ်ဆော့စ် ပြုလုပ်ရန် လိုအပ်သော ပါဝင်ပစ္စည်းများ

  • ထောပတ် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဂျုံမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
  • နွားနို့ စားပွဲတင်ဇွန်း ၁၆ ဇွန်း
  • ချိစ် ၃ အောင်စခွဲ
  • ဆားနှင့် ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အသားလုံးပြုလုပ်ဖို့ရန်အတွက် ပန်းကန်လုံး အကြီးတစ်လုံးထဲတွင် သံလွင်ဆီမှလွဲ၍ ကျန်ရှိနေသော ပါဝင်ပစ္စည်းများအားလုံးကို သမအောင် ရောနယ်ထားလိုက်ပါ။

ထို့နောက် တစ်လက်မပတ်လည် အသားလုံးများရအောင် လုံးပေးလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီး သံလွင်ဆီထည့်ပါ။ ဆီပူလာပါက အသားလုံးများကို ၇ မိနစ်ခန့် အညိုရောင်ပြောင်းလာသည်အထိ ကြော်ပေးလိုက်ပါ။ (ဒယ်အိုးမဆံ့ပါက ၂ ခါ၊ ၃ ခါ ခွဲကြော်ရန်)

ကြော်ပြီးသားအသားလုံးများကို ပန်းကန်ပြားထဲသို့ ပြောင်းထည့်ထားပါ။

၃။ ထိုဒယ်အိုးထဲသို့ပင် ထောပတ်များ ထည့်ကာအရည်ဖျော်လိုက်ပါ။ ထို့နောက် ဂျုံမှုန့်ထည့်ကာ အရည်ပျစ်ပျစ်လေးဖြစ်သွားအောင် ၁ မိနစ်ခန့် မွှေပေးလိုက်ပါ။ ပြီးရင်တော့ နွားနို့ထည့်ကာ နောက်ထပ် တစ်မိနစ်ခန့် မွှေပေးလိုက်ပါ။

ထို့နောက် မီးအပူချိန်ကို အနိမ့်ဆုံးသို့ လျော့ကာ ချိစ်များထည့်ပြီး သမအောင် ရောမွှေပါ။

၄။ ရရှိလာတဲ့ ချိစ်ဆော့စ်ထဲသို့ အမဲသားလုံးကြော်များ ထည့်လိုက်ပါ။ အမဲသားလုံးကြော်ပေါ်သို့ ဆော့စ်များ ထပ်လောင်းပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ချိစ်အရသာ အမဲသားလုံးကြော်လေး ရရှိသွားပါပြီ။

Source: Jocooks.com