ပါဝင်ပစ္စည်းများ
- မုန်ညင်းဖူး – ၂ စည်း (အ၀ါရောင်အပွင့်ပါတဲ့ မုန်ညင်း)
- ၀က်နံရိုး – ၁၅ ကျပ်သား
- ခရမ်းချဉ်သီး – ၂ လုံး
- မန်ကျည်းရည် – ၃ ဇွန်း ထမင်းစားဇွန်း
- ငရုတ်သီးစိမ်း – ၅ တောင့်
- ရှမ်းနံနံ – အနည်းငယ်
- နံနံပင် – အနည်းငယ်
- ထန်းညက်ခဲအသေး – ၃ ခဲ
- ကြက်သွန်နှီ – ၁ လုံး
- ကြက်သွန်ဖြူ – ၂ မွှာ
- ဂျင်း – အနည်းငယ်
- ဆား – အနည်းငယ်
ပြင်ဆင်ပြုလုပ်နည်း
- ၀က်နံရိုးတွေကို အနေတော် တုံးပါ။ မုန်ညင်းဖူးကို အနေတော် လှီးထားပါ။ ခရမ်းချဉ်သီးနှင့် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်းတို့ ကိုလည်း ပါးပါးလှီးပါ။
- အိုးထဲသို့  အားလုံး ထည့်ပြီး လုံးချက်ပါ။ ရေခမ်းသွားလျှင် ရေထပ်ထည့်ပြီး တည်ပါ။ ၀က်နံရိုးတွေ နူးလာသည် အထိ ရေခဏခဏ ထပ်ဖြည့်ပြီး မီးအေးအေးဖြင့် တည်ပါ။
- မန်ကျည်းရည် ထည့်ပြီး အရသာအပေါ့အငန်ကို စိတ်ကြိုက်ပြင်ပါ။ စားမည့်ပန်းကန်ထဲ ခပ်ထည့်ပြီး ရှမ်းနံနံ၊ နံနံပင်၊ ငရုတ်သီးစိမ်း ထည့်လိုက်လျှင် စားချင်စဖွယ် မုန်ညင်းစောဟင်းရည် ရပါပြီရှင်။
- (၀က်နံရိုး မထည့်ပဲ ဒီအတိုင်းချက်လည်း စားလို့အလွန်ကောင်းပါတယ်။)
Credit: KaeKae’s FoodPalace