အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ဟင်းလျာလေးကတော့ ပုစွန်ဆားရေစိမ် စပ်စပ်လေး ပြင်ဆင်ပြုလုပ်နည်းပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • သံပုယိုသီး ၃ လုံး
  • ပန်းသီးရှာလကာရည် စားပွဲတင်ဇွန်း ၁၆ ဇွန်း
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၁၀ ဇွန်း
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ငရုတ်သီး ၄ တောင့် (ပါးပါးလှီးထားပါ)

  • ကြက်သွန်ဖြူ ၄ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • ပင်စိမ်းရွက် ၄ ရွက်နှင့် ပါးပါးလှီးထားသော နံနံပင် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်သွန်နီ ၁ ဥ (ပါးပါးလှီးထားပါ)
  • ပုစွန် ၂ ပေါင် (အခွံခွာပြီး ရေဆေးသန့်စင်ထားပါ)
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ သံပုယိုသီး ၁ လုံး၏အခွံကိုး ဓားဖြင့် မွှန်းပြီးနောက် အရည်ညှစ်ထားလိုက်ပါ။ နောက်သံပုယိုသီး တစ်လုံးကို အကွင်းလိုက် ပါးပါးလှီးထားပါ။

၂။ ပန်းကန်လုံးအသေးတစ်လုံးထဲတွင် သံပုယိုရည်၊ သံပုယိုခွံ၊ ရှာလကာရည်၊ ဆီ၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ ငရုတ်သီးမှုန့်နှင့် ကြက်သွန်ဖြူတို့ကို သမအောင် ရောမွှေထားလိုက်ပါ။

၃။ ဒယ်အိုးတစ်လုံးကို အပူပေးပြီး ရေထည့်ပါ။ ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ပြီး ပွက်ပွက်ဆူလာသည်အထိ တည်ထားလိုက်ပါ။ ပွက်ပွက်ဆူလာတဲ့အခါမှာတော့ ပုစွန်များထည့်ကာ ၁ မိနစ်ခွဲ၊ ၂ မိနစ်ခန့် ပြုတ်လိုက်ပါ။

၄။ သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ ပုစွန်များကို ဆယ်ယူပြီး ရေအေးဖြင့် ဆေးကြောလိုက်ပါ။

၅။ ရရှိလာတဲ့ ပုစွန်ပြုတ်များကို ပန်းကန်လုံးအကြီးထဲ ထည့်ပြီးနောက် အဆင့် (၂) က ပြုလုပ်ထားသော ရှာလကာရည်အရောအနှောများဖြင့် သမအောင် ရောနယ်လိုက်ပါ။

ထို့နောက် သံပုယိုကွင်းများထည့်ကာ တစ်ပါတည်း ရောနယ်လိုက်ပါ။

၆။ ထို့နောက် နယ်ထားသော ထိုပုစွန်များကို အလုံပိတ်ဘူးထဲထည့်ပြီး ရေခဲသေတ္တာထဲတွင် အနည်းဆုံး ၆ နာရီမှ တစ်ညကြာသည်အထိ နှပ်ထားလိုက်ပါ။

သတ်မှတ်ချိန်ပြည့်အောင် စိမ်ပြီးတဲ့အခါမှာတော့ အရသာရှိတဲ့ ပုစွန်ဆားရေစိမ် စပ်စပ်လေး ရရှိသွားပါပြီ။

စားခါနီးကျမှ နံနံပင်အနည်းငယ် ဖြူးထည့်ပေးလိုက်ပါ။

Source: Thespruceeats.com