အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ သစ်သီးဖျော်ရည် ကြိုက်နှစ်သက်သူများအတွက် နာနတ်သီး Smoothie ဖျော်ရည် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • နာနတ်သီး ပန်းကန်လုံးအသေး ၃ လုံးစာ
  • အုန်းနို့ စားပွဲတင်ဇွန်း ၈ ဇွန်း
  • နာနတ်သီးအရည် စားပွဲတင်ဇွန်း ၈ ဇွန်း
  • အုန်းသီးဖတ်များ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဒိန်ချဉ် စားပွဲတင်ဇွန်း ၈ ဇွန်း

  • ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ နာနတ်သီးများကို အခွံခွာပြီး အတုံးသေးသေး တုံးထားပါ။ နာနတ်သီး အချို့ကို နာနတ်သီးအရည် စားပွဲတင်ဇွန်း ၈ ဇွန်းခန့်ရအောင် အရည်ညှစ်ထားလိုက်ပါ။

၂။ ထို့နောက် နာနတ်သီးများ၊ နာနတ်သီးအရည် စားပွဲတင်ဇွန်း ၈ ဇွန်း၊ အုန်းနို့ စားပွဲတင်ဇွန်း ၈ ဇွန်း၊ ဒိန်ချဉ်၊ အုန်းသီးဖတ်များနှင့် ပျားရည်တို့ကို သစ်သီးဖျော်စက်ထဲ ထည့်ကာ သမအောင် ရောမွှေလိုက်ပါ။

Source: Chfusa.com

၃။ ရရှိလာတဲ့ ဖျော်ရည်ကို ဖန်ခွက်ထဲထည့်ကာ နာနတ်သီးအတုံးလေးများဖြင့် အလှဆင်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ နာနတ်သီး Smoothie ဖျော်ရည် ရရှိသွားပါပြီ။

ထိုနာနတ်သီးဖျော်ရည်ကို ပုံမှန်သောက်သုံးပေးခြင်းအားဖြင့် ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးခြင်း၊ အစာချေစနစ်ကို ကောင်းမွန်စေခြင်း၊ လည်ချောင်းယားယံခြင်းကြောင့် ချောင်းဆိုးခြင်းမှ ကာကွယ်ပေးခြင်း၊ အဆစ်အမြစ်များ နာကျင်ကိုက်ခဲခြင်းမှ ကာကွယ်ပေးခြင်း၊ အရိုးအဆစ်များကို သန်မာစေခြင်း၊ ကင်ဆာရောဂါ ဖြစ်ပွားနှုန်းကို လျော့ချပေးခြင်းနှင့် အမျိုးသမီးများ ဓမ္မတာလာခြင်းကြောင့် ခံစားရသည့် ကြွက်သားများ နာကျင် ကိုက်ခဲခြင်းကို သက်သာစေခြင်း အစရှိသည့် ကျန်းမာရေးအကျိုးကျေးဇူးများကို ရရှိခံစားနိုင်ပါတယ်။

Source: Thespruceeats.com