အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ပြုလုပ်ရလွယ်ကူပြီး အရသာရှိတဲ့ နာနတ်သီး ရေခဲမုန့် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • နာနတ်သီး ၂၀၀ ဂရမ်
  • သကြား ၂၀ ဂရမ်
  • Heavy ခရင်မ် စားပွဲတင်ဇွန်း ၃ ဇွန်းနှင့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • သံပုရာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ နာနတ်သီးတစ်လုံး၏ ထိပ်ပိုင်းကို လှီးဖြတ်လိုက်ပါ။ ထို့နောက် အလှဆင်ဖို့ရန်အတွက် ဝ.၂ လက်မအထူခန့် အဝိုင်းငယ် လှီးဖြတ်ထားပါ။ ထိုအဝိုင်းငယ်ကို အလယ်တည့်တည့်မှ ထက်ဝက်ပိုင်းပြီးနောက် တြိဂံပုံသဏ္ဍာန် လှီးဖြတ်ထားပါ။

၂။ ကျန်ရှိတဲ့ နာနတ်သီးကိုတော့ အခွံခာကာ အတုံးငယ်များ တုံးထားလိုက်ပါ။ ပြီးရင် အလုံပိတ်အိတ်ထဲထည့်ကာ ရေခဲသေတ္တာထဲတွင် အေးခဲနေအောင် အအေးခံထားလိုက်ပါ။

၃။ နာရီအနည်းငယ်ကြာ အအေးခံထားတဲ့ နာနတ်သီးများကို သစ်သီးဖျော်စက်ထဲထည့်ပါ။ ကျန်ရှိနေသော ပါဝင်ပစ္စည်းများဖြစ်ကြတဲ့ သကြား၊ သံပုရာရည်နှင့် ခရင်မ်တို့ကိုလည်း ဖျော်စက်ထဲထည့်လိုက်ပါ။ ထို့နောက် အဖုံးပိတ်ကာ မွှေပေးလိုက်ပါ။

၄။ နာနတ်သီးက အနှစ်များဖြစ်သွားသည်အထိ မွှေပေးရပါမယ်။ ပြီးရင်တော့ ရေခဲမုန့်ကလော်သော ဇွန်းဖြင့် ရေခဲမုန့်များကို ကလော်ပြီးနောက် ပန်းကန်လုံးထဲထည့်လိုက်ပါ။ အစဦးပိုင်းတုန်းက အလှဆင်ဖို့ရန်အတွက် လှီးဖြတ်ထားသော နာနတ်သီးကို ပန်းကန်လုံးထဲထည့်လိုက်ပါ။

ဒါဆိုရင်တော့ ရင်အေးစေမယ့် နာနတ်သီးရေခဲမုန့်လေး ရရှိသွားပါပြီ။

စာဖတ်သူအနေနဲ့ နာနတ်သီး ရေခဲမုန့်မစားချင်ဘူး။ ထောပတ်သီး ရေခဲမုန့် (သို့) ဖရဲသီး ရေခဲမုန့် စသည်ဖြင့် စားချင်တယ်ဆိုရင်လည်း မိမိစားလိုသည့် သစ်သီးကို အစားထိုးအသုံးပြုနိုင်ပါသေးတယ်။

Source: Cookingwithdog.com