အခုလို နာနတ်သီးပေါတဲ့ရာသီမှာ နာနတ်သီးကို ယိုထိုးထားပြီး ကြာရှည်ခံအောင် လုပ်ကြပါတယ်။ သရေစာအဖြစ် စားကြတာများပြီး ပေါင်မုန့်နဲ့ ညှပ်ပြီးလည်း စားကြပါတယ်။ ချဉ်၊ ချို အရသာရှိပြီး ခံတွင်းရှင်းစေတဲ့အတွက် ကလေး၊ လူကြီးကြိုက်ကြပါတယ်။
Source: CDKitchen
နာနတ်သီးကို ယိုထိုးတဲ့အခါ လိုအပ်တာတွေကတော့
- နာနတ်သီး ၂ လုံး (အရှည်သီးကို ရွေးဝယ်ပါ)
- သကြား ၂ ခွက် ( လက်ဖက်ရည်ပန်းကန်လုံး)
- သံပုရာသီး အရွယ်တော် ၁ လုံး
- သစ်ကြပိုးခေါက် အရွယ်တော် …၁ ချောင်း
- ဆား – လက်ဖက်ရည်ဇွန်းဝက်
Source: Dole Packaged Foods
နာနတ်သီးကို အခွာနွှာပြီး ဒေါင်လိုက်စိပ်ပါ။ အူတိုင်တွေကိုဖယ်ပြီး အတုံးလေးတွေတုံးပါ။
အရည်၊ အဖက်သီးသန့်ထွက်တဲ့ ကြိတ်စက်ကိုသုံးပြီး ကြိတ်ပါ။ နာနတ်သီးရည်ကို အခြား အမယ်များနဲ့ ရောကျိုပါ။
အရောင်လှချင်ရင်တော့ Food Color တွေကို အသုံးပြုနိုင်ပါတယ်။
သကြားနဲနဲ ပျစ်လာရင် ကြိတ်ထားတဲ့ နာနတ်သီး အဖတ်တွေကိုထည့်ပြီး မွှေပါ။ ရေတွေကုန်သွားတဲ့အခါ မွှေပေးပြီး ရေခန်းတဲ့အခါ စေးပျစ်ပျစ် နာနတ်သီးယိုကို ရပါပြီ။
Photo: kitchendreaming