ဝိတ်ကျချင်တဲ့သူတွေက အားကစားလည်းလုပ်ပေးဖို့လိုသလို အစားအသောက်တွေကိုလည်း သေချာဂရုစိုက်ပေးဖို့ လိုပါတယ်။ ဒါကြောင့် ပရိုတင်းဓာတ်ကြွယ်ဝပြီး ဝိတ်ကျစေမယ့် နာနတ်သီးပရိုတင်းဖျော်ရည် ပြုလုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။

ပထမဆုံးအနေနဲ့ အတုံးလေးတွေတုံးထားတဲ့ နာနတ်သီး – ခွက်တစ်ခွက်စာကို ရေခဲသေတ္တာထဲထည့်ပြီး အအေးခံထားပါ။ အတုံးတွေတုံးထားတဲ့ သရက်သီးအမှည့် – ခွက်တစ်ဝက်စာကိုလည်း ရေခဲသေတ္တာထဲထည့်ပြီး အအေးခံထားပါ။ ငှက်ပျောသီးတစ်လုံးကိုလည်း အတုံးလေးတွေတုံးပြီး ရေခဲသေတ္တာထဲထည့်ကာ အအေးခံထားပါ။

Blender ထဲကို Almond Milk – ခွက်တစ်ခွက်စာ၊ အအေးခံထားတဲ့နာနတ်သီး – ခွက်တစ်ခွက်စာ၊ အအေးခံထားတဲ့ သရက်သီးအမှည့် – ခွက်တစ်ဝက်စာ၊ အအေးခံထားတဲ့ ငှက်ပျောသီး – တစ်လုံးနဲ့ Vanilla Protein Powder – စားပွဲတင်ဇွန်း နှစ်ဇွန်းစာတို့ကို ထည့်ပြီးမွှေပေးပါ။

မွှေပြီးရင်တော့ ကိုယ်သောက်မယ့်ခွက်ထဲထည့်ပြီး သောက်သုံးနိုင်ပါပြီ။

Photo Source: www.theseriousfitness