(Unicode)

ထောပတ်ထမင်း၊ အုန်းထမင်းဆိုပြီး အရသာအမျိုးမျိုးရှိတဲ့ ထမင်းတွေကို စာဖတ်သူတို့အားလုံး မြည်းစမ်းစားသုံးဖူးကြမယ်ထင်ပါတယ်။ ဒါပေမဲ့ နာနတ်သီးနံ့လေး သင်းနေပြီးတော့ အရသာရှိတဲ့ နာနတ်သီးထမင်းကိုတော့ တစ်ခါမှ မမြည်းစမ်းကြည့်ကြဖူးဘူးလို့ ထင်ပါတယ်။

ထောပတ်ထမင်း၊ အုန်းထမင်းတွေကတောင် ချက်ပြုတ်ရခက်ပါသေးတယ်။ နာနတ်သီးထမင်းကတော့ ပေါင်းအိုးနဲ့ ရိုးရိုးထမင်းချက်သလိုပါပဲ။ အပန်းမကြီးဘဲ အရသာတစ်မျိုးဆန်းသစ်တဲ့ နာနတ်သီးထမင်းစားကြည့်ချင်တယ်ဆိုရင်တော့ ဘယ်လိုပါဝင်ပစ္စည်းတွေ လိုအပ်မလဲ။ ဘယ်လိုချက်ပြုတ်ရမလဲဆိုတာကို ဆက်လေ့လာကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

  • ဆန် ၁၈၀ ဂရမ်
  • ကောက်ညှင်းဆန် ၁၈၀ ဂရမ် (သန့်စင်သောရေဖြင့် ၂ နာရီခန့် စိမ်ထားလိုက်ပါ)
  • သကြား စားပွဲတင်ဇွန်း ၂ ဇွန်း
  • ရေ ၁၇၅ မီလီလီတာ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ နာနတ်သီးရဲ့ အလယ်အူတိုင်ကို ဖယ်ရှားပြီး အတုံးခပ်သေးသေးတုံးထားပါ။

၂။ ထိုနာနတ်သီးများကို သကြား စားပွဲတင်ဇွန်း ၂ ဇွန်းဖြင့် ရောနှောပြီးနောက် တစ်နာရီခန့် ထားထားလိုက်ပါ။ နာနတ်သီးရဲ့အရည် များများထွက်လာဖို့အတွက် နာနတ်သီးကို အရည်ညှစ်ပေးဖို့ လိုပါတယ်။ ဒါပေမဲ့ နာနတ်သီးစိပ်များ ပြားပိသွားအောင်တော့ အားစိုက်ပြီး မညှစ်ပါနဲ့။

၃။ ဆန်နှင့် ကောက်ညှင်းဆန်တို့ကို ရေဖြင့် စင်ကြယ်အောင် ဆေးကြောပြီးနောက် ထမင်းပေါင်းအိုးထဲ ထည့်လိုက်ပါ။ နာနတ်သီးအရည်များပါ လောင်းထည့်လိုက်ပါ။

၃။ ရေ ၁၇၅ မီလီလီတာကို ထမင်းပေါင်းအိုးထဲ ထပ်ထည့်ပြီးနောက် နာနတ်သီးအတုံးများပါ တစ်ခါတည်း ထည့်ထားလိုက်ပါ။ ထို့နောက် ထမင်းအိုးကို တည်ထားလိုက်ပါ။

၄။ ထမင်းအိုး ကျက်သွားပြီဆိုရင်တော့ အနံ့သင်းသင်းလေးနဲ့ အရသာရှိတဲ့ နာနတ်သီးထမင်းလေး ရရှိသွားပါပြီ။

မိမိနှစ်သက်ရာဟင်းလျာများနဲ့ အရသာရှိရှိ မြိန်ယှက်စွာ သုံးဆောင်လိုက်ပါ။

Source: Chinasichuanfood.com

(Zawgyi)

ေထာပတ္ထမင္း၊ အုန္းထမင္းဆိုၿပီး အရသာအမ်ိဳးမ်ိဳးရွိတဲ့ ထမင္းေတြကို စာဖတ္သူတို႔အားလံုး ျမည္းစမ္းစားသံုးဖူးၾကမယ္ထင္ပါတယ္။ ဒါေပမဲ့ နာနတ္သီးနံ႔ေလး သင္းေနၿပီးေတာ့ အရသာရွိတဲ့ နာနတ္သီးထမင္းကိုေတာ့ တစ္ခါမွ မျမည္းစမ္းၾကည့္ၾကဖူးဘူးလို႔ ထင္ပါတယ္။

ေထာပတ္ထမင္း၊ အုန္းထမင္းေတြကေတာင္ ခ်က္ျပဳတ္ရခက္ပါေသးတယ္။ နာနတ္သီးထမင္းကေတာ့ ေပါင္းအိုးနဲ႔ ရိုးရိုးထမင္းခ်က္သလိုပါပဲ။ အပန္းမႀကီးဘဲ အရသာတစ္မ်ိဳးဆန္းသစ္တဲ့ နာနတ္သီးထမင္းစားၾကည့္ခ်င္တယ္ဆိုရင္ေတာ့ ဘယ္လိုပါဝင္ပစၥည္းေတြ လိုအပ္မလဲ။ ဘယ္လိုခ်က္ျပဳတ္ရမလဲဆိုတာကို ဆက္ေလ့လာၾကည့္လိုက္ရေအာင္။

ပါဝင္ပစၥည္းမ်ား

  • ဆန္ ၁၈၀ ဂရမ္
  • ေကာက္ညွင္းဆန္ ၁၈၀ ဂရမ္ (သန္႔စင္ေသာေရျဖင့္ ၂ နာရီခန္႔ စိမ္ထားလိုက္ပါ)
  • သၾကား စားပြဲတင္ဇြန္း ၂ ဇြန္း
  • ေရ ၁၇၅ မီလီလီတာ

ျပဳလုပ္နည္း အဆင့္ဆင့္

၁။ နာနတ္သီးရဲ႕ အလယ္အူတိုင္ကို ဖယ္ရွားၿပီး အတံုးခပ္ေသးေသးတံုးထားပါ။

၂။ ထိုနာနတ္သီးမ်ားကို သၾကား စားပြဲတင္ဇြန္း ၂ ဇြန္းျဖင့္ ေရာေႏွာၿပီးေနာက္ တစ္နာရီခန္႔ ထားထားလိုက္ပါ။ နာနတ္သီးရဲ႕အရည္ မ်ားမ်ားထြက္လာဖို႔အတြက္ နာနတ္သီးကို အရည္ညွစ္ေပးဖို႔ လိုပါတယ္။ ဒါေပမဲ့ နာနတ္သီးစိပ္မ်ား ျပားပိသြားေအာင္ေတာ့ အားစိုက္ၿပီး မညွစ္ပါနဲ႔။

၃။ ဆန္ႏွင့္ ေကာက္ညွင္းဆန္တို႔ကို ေရျဖင့္ စင္ၾကယ္ေအာင္ ေဆးေၾကာၿပီးေနာက္ ထမင္းေပါင္းအိုးထဲ ထည့္လိုက္ပါ။ နာနတ္သီးအရည္မ်ားပါ ေလာင္းထည့္လိုက္ပါ။

၃။ ေရ ၁၇၅ မီလီလီတာကို ထမင္းေပါင္းအိုးထဲ ထပ္ထည့္ၿပီးေနာက္ နာနတ္သီးအတံုးမ်ားပါ တစ္ခါတည္း ထည့္ထားလိုက္ပါ။ ထို႔ေနာက္ ထမင္းအိုးကို တည္ထားလိုက္ပါ။

၄။ ထမင္းအိုး က်က္သြားၿပီဆိုရင္ေတာ့ အနံ႔သင္းသင္းေလးနဲ႔ အရသာရွိတ့ဲ နာနတ္သီးထမင္းေလး ရရွိသြားပါၿပီ။

မိမိႏွစ္သက္ရာဟင္းလ်ာမ်ားနဲ႔ အရသာရွိရွိ ၿမိန္ယွက္စြာ သံုးေဆာင္လိုက္ပါ။

Source: Chinasichuanfood.com