မိမိအိမ်မှာ ကိုယ်တိုင်ကိုယ်ကျ ကိတ်မုန့်ဖုတ်စားရတာ ဝါသနာပါသူများအတွက် ဒီတစ်ခါမှာတော့ နာနတ်သီးကိတ်မုန့် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ထောပတ် စားပွဲတင်ဇွန်း ၄ ဇွန်း (အရည်ဖျော်ထားပါ)
  • သကြားညို စားပွဲတင်ဇွန်း ၈ ဇွန်း
  • အဝိုင်းလိုက် လှီးထားသော နာနတ်သီးကွင်း ၇ ကွင်းနှင့် ချယ်ရီသီး ၁၀ လုံး
  • ဂျုံမှုန့် ၁၈၀ ဂရမ်၊ ဆား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ၊ မုန့်ဖုတ်ပေါင်ဒါ လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ထောပတ် စားပွဲတင်ဇွန်း ၄ ဇွန်း

  • သကြား စားပွဲတင်ဇွန်း ၁၂ ဇွန်း
  • ကြက်ဥ ၁ လုံး
  • ဗနီလာ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • Sour Cream စားပွဲတင်ဇွန်း ၄ ဇွန်း
  • နာနတ်သီးဖျော်ရည် (သို့) နွားနို့ စားပွဲတင်ဇွန်း ၄ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ Oven ကို ၃၅၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးပါ။ ကိတ်မုန့်ဖုတ်မယ့်အိုးကို ဆီ (သို့) ထောပတ်ဖြင့် သုတ်လိမ်းထားပါ။

ပန်းကန်လုံးအသေးတစ်လုံးထဲတွင် အရည်ဖျော်ထားသော ထောပတ်ကို သကြားညိုဖြင့် သမအောင် ရောမွှေပါ။

၂။ အခြားပန်းကန်လုံးထဲတွင် ဂျုံမှုန့်၊ မုန့်ဖုတ်ပေါင်ဒါ၊ မုန့်ဖုတ်ဆိုဒါနှင့် ဆားတို့ကို သမအောင် ရောမွှေပါ။

၃။ ထို့နောက် အခြားပန်းကန်လုံးအသစ်ထဲတွင် ထောပတ်၊ သကြား၊ ကြက်ဥ၊ ဗနီလာ၊ Sour Cream နှင့် နာနတ်သီးဖျော်ရည်တို့ကို လျှပ်စစ်မွှေစက်ဖြင့် မွှေလိုက်ပါ။

၄။ ပြီးရင်တော့ စောစောက ဂျုံမှုန့်အရောအနှောများ ထည့်ကာ ခရင်မ်များဖြစ်သွားအောင် ထပ်မွှေပါ။

၅။ နောက်တစ်ဆင့်အနေနဲ့ ကိတ်မုန့်အိုးထဲသို့ အဆင့် (၁) က ပြုလုပ်ထားသော သကြားရည်များ လောင်းထည့်လိုက်ပါ။

၆။ ထိုသကြားရည်ပေါ်သို့ နာနတ်သီးကွင်းများထည့်ပါ။

၇။ နာနတ်သီးကွင်းထဲတွင် ချယ်ရီသီးများ ထည့်ပါ။

၈။ ထို့နောက် အဆင့် (၄) က ပြုလုပ်ထားသော ခရင်မ်များကို နာနတ်သီးကွင်းပေါ်သို့ လောင်းထည့်ကာ မျက်နှာပြင်ညီညာအောင် ညှိလိုက်ပါ။

၉။ ပြီးရင်တော့ Oven ထဲတွင် ၃၅ မိနစ်မှ ၄၅ မိနစ်ကြား ထည့်ဖုတ်လိုက်ပါ။

သတ်မှတ်ချိန်ပြည့်တဲ့အခါ Oven ထဲကထုတ်ပါ။ နာနတ်သီးက အပေါ်မျက်နှာပြင်မှာ ပေါ်နေဖို့ဆိုရင် ကိတ်မုန့်အိုးကို မှောက်ရပါမယ်။ စက္ကန့် (၃၀) ခန့် အအေးခံပါ။

နောက်ဆုံးမှာတော့ အရသာရှိတဲ့ နာနတ်သီးကိတ်မုန့်လေး ရရှိသွားပါပြီ။

Source: Jocooks.com