(Unicode)
အားလုံးပဲ မင်္ဂလာပါ။ ချိုချိုရဲရဲအစားအစာတွေကိုမှ ကြိုက်နှစ်သက်သူများအတွက် ထမင်းစားပြီးတဲ့အခါ အချိုတဲနိုင်မယ့် ငှက်ပျောကြော် အချိုပွဲပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- ဂျုံမှုန့် ၂၀၀ ဂရမ်
- တဆေး ၄ ဂရမ်
- နွားနို့နွေးနွေးလေး ၁၇၅ မီလီလီတာ
- ထောပတ် ၂၀ ဂရမ် (အရည်ဖျော်ထားလိုက်ပါ)
- ကြက်ဥ ၁ လုံး
- ငှက်ပျောသီးမှည့် ၂ လုံး (အနှစ်များရအောင် ချေမွထားလိုက်ပါ)
- သစ်ကြမ်းပိုးခေါက်အမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
- သကြား စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် ဆား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
- ဟင်းသီးဟင်းရွက်ဆီ
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ဇလုံတစ်လုံးထဲမှာ တဆေးနှင့် နွားနို့တို့ကို ရောနှောပြီးနောက် ၅ မိနစ်ခန့် ထားထားလိုက်ပါ။
၂။ အခြားဇလုံတစ်လုံးထဲမှာတော့ ဂျုံမှုန့်၊ ထောပတ်၊ ကြက်ဥ၊ သစ်ကြမ်းပိုးခေါက်၊ သကြားနှင့် ဆားတို့ကို သမအောင် ရောမွှေပေးလိုက်ပါ။ ထို့နောက် စောစောကမွှေထားသော တဆေး နွားနို့အရောအနှောကို ဂျုံမှုန့်ဇလုံထဲသို့ လောင်းထည့်ပြီးနောက် သမအောင် ထပ်နယ်လိုက်ပါ။
၃။ သမအောင် နယ်ပြီးသွားတဲ့အခါမှာတော့ ငှက်ပျောသီးအနှစ်များကို ဇလုံထဲသို့လောင်းထည့်ပြီး ထပ်မွှေပေးရပါမယ်။ ထို့နောက် ဇလုံကို ပလစ်စတစ်အုပ်ပြီးနောက် မိနစ် ၃၀ ခန့် ထားထားလိုက်ပါ။
၄။ နောက်ဆုံးတစ်ဆင့်အနေနဲ့ ငှက်ပျောသီးဖတ်များ ထည့်ကြော်ရပါတော့မယ်။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ငှက်ပျောသီးနှစ် စားပွဲတင်ဇွန်း ၂ ဇွန်းခန့်ကို အိုးထဲထည့်ပြီး ၂ မိနစ်ခန့်ကြော်ပေးရပါမယ်။ ငှက်ပျောတုံးများ ရွှေညိုရောင်ပြောင်းသွားပါက အိုးထဲမှ ဆယ်ယူလိုက်ပါ။
ဒါဆိုရင်တော့ အရသာရှိတဲ့ ငှက်ပျောကြော်လေး ရရှိသွားပါပြီ။ မိရောနိစ်လေးနဲ့ တို့စားမယ်ဆိုရင်တော့ အင်မတန်လိုက်ဖက်ပါတယ်။
Source: Asianfoodchannel.com
(Zawgyi)
အားလံုးပဲ မဂၤလာပါ။ ခ်ိဳခ်ိဳရဲရဲအစားအစာေတြကိုမွ ႀကိဳက္ႏွစ္သက္သူမ်ားအတြက္ ထမင္းစားၿပီးတဲ့အခါ အခ်ိဳတဲႏိုင္မယ့္ ငွက္ေပ်ာေၾကာ္ အခ်ိဳပြဲျပဳလုပ္နည္းကို ေဝမွ်ေပးခ်င္ပါတယ္။
ပါဝင္ပစၥည္းမ်ား
- ဂ်ံဳမႈန္႔ ၂၀၀ ဂရမ္
- တေဆး ၄ ဂရမ္
- ႏြားႏို႔ေႏြးေႏြးေလး ၁၇၅ မီလီလီတာ
- ေထာပတ္ ၂၀ ဂရမ္ (အရည္ေဖ်ာ္ထားလိုက္ပါ)
- ၾကက္ဥ ၁ လံုး
- ငွက္ေပ်ာသီးမွည့္ ၂ လံုး (အႏွစ္မ်ားရေအာင္ ေခ်မြထားလိုက္ပါ)
- သစ္ၾကမ္းပိုးေခါက္အမႈန္႔ လက္ဖက္ရည္ဇြန္း တစ္ဝက္
- သၾကား စားပြဲတင္ဇြန္း ၂ ဇြန္းႏွင့္ ဆား လက္ဖက္ရည္ဇြန္း ၄ ပံု ၁ ပံု
- ဟင္းသီးဟင္းရြက္ဆီ
ျပဳလုပ္နည္း အဆင့္ဆင့္
၁။ ဇလံုတစ္လံုးထဲမွာ တေဆးႏွင့္ ႏြားႏို႔တို႔ကို ေရာေႏွာၿပီးေနာက္ ၅ မိနစ္ခန္႔ ထားထားလိုက္ပါ။
၂။ အျခားဇလံုတစ္လံုးထဲမွာေတာ့ ဂ်ံဳမႈန္႔၊ ေထာပတ္၊ ၾကက္ဥ၊ သစ္ၾကမ္းပိုးေခါက္၊ သၾကားႏွင့္ ဆားတို႔ကို သမေအာင္ ေရာေမႊေပးလိုက္ပါ။ ထို႔ေနာက္ ေစာေစာကေမႊထားေသာ တေဆး ႏြားႏို႔အေရာအေႏွာကို ဂ်ံဳမႈန္႔ဇလံုထဲသို႔ ေလာင္းထည့္ၿပီးေနာက္ သမေအာင္ ထပ္နယ္လိုက္ပါ။
၃။ သမေအာင္ နယ္ၿပီးသြားတဲ့အခါမွာေတာ့ ငွက္ေပ်ာသီးအႏွစ္မ်ားကို ဇလံုထဲသို႔ေလာင္းထည့္ၿပီး ထပ္ေမႊေပးရပါမယ္။ ထို႔ေနာက္ ဇလံုကို ပလစ္စတစ္အုပ္ၿပီးေနာက္ မိနစ္ ၃၀ ခန္႔ ထားထားလိုက္ပါ။
၄။ ေနာက္ဆံုးတစ္ဆင့္အေနနဲ႔ ငွက္ေပ်ာသီးဖတ္မ်ား ထည့္ေၾကာ္ရပါေတာ့မယ္။ ဒယ္အိုးကို အပူေပးၿပီး ဆီထည့္ပါ။ ဆီပူလာပါက ငွက္ေပ်ာသီးႏွစ္ စားပြဲတင္ဇြန္း ၂ ဇြန္းခန္႔ကို အိုးထဲထည့္ၿပီး ၂ မိနစ္ခန္႔ေၾကာ္ေပးရပါမယ္။ ငွက္ေပ်ာတံုးမ်ား ေရႊညိဳေရာင္ေျပာင္းသြားပါက အိုးထဲမွ ဆယ္ယူလိုက္ပါ။
ဒါဆိုရင္ေတာ့ အရသာရွိတဲ့ ငွက္ေပ်ာေၾကာ္ေလး ရရွိသြားပါၿပီ။ မိေရာနိစ္ေလးနဲ႔ တို႔စားမယ္ဆိုရင္ေတာ့ အင္မတန္လိုက္ဖက္ပါတယ္။
Source: Asianfoodchannel.com