ရာသီဥတု ချမ်းစိမ့်စိမ့်နဲ့ အေးအေးလေးမှာ စားလို့ကောင်းမယ့် ငါးသံပုရာချဉ်စပ်လေးဖြစ်ပါတယ်။ ချဉ်ငံစပ်အရသာရှိပြီး ပူပူနွေးနွေး စားရတာဖြစ်လို့ နလံထ လူနာများလည်း ဒီဟင်းလေးစားပြီး စားချင်သောက်ချင်စိတ်တွေ ပြန်ဖြစ်လာမှာပါ။ ဒီဟင်းလေးက ယိုးဒယားစတိုင်လ် ငါးသံပုရာ ပေါင်းနည်းကို မှီးငြမ်းထားတာပါ။
လိုအပ်သောပစ္စည်းများ
- ကက်ကတစ် – ၁ ကောင်
- ကြက်သွန်ဖြူ – ၂ ဥ၊ ငရုတ်သီးစိမ်း – ခပ်များများ
- နံနံပင် – ခပ်များများ၊ ဖက်ဖယ်ရွက် – လက်တစ်ဆုပ်ခန့် (မထည့်လည်းရပါတယ်)
- ကြက်သားပြုတ်ရည် (မရှိလျှင် ရိုးရိုရေအေးသုံးပါ)
- စပါးလင် – ၁ ချောင်း၊ သံပုရာသီး – ၂ လုံး၊ ဂျင်း – ၁ တက်
ပြင်ဆင်ချက်ပြုတ်နည်း
ကက်ကတစ်ငါးကို အကြေးခွံ ပြောင်အောင်ထိုး ဗိုက်ခွဲ ကလီစာထုတ် ရေးဆေးကြောပြီး ဆား ၊ ယိုးဒယားငံပြာရည် တို့ဖြယ့် နယ်ပြီး ၁၀မိနစ်ခန့် နှပ်ထားပေးပါ။ ဂျင်းကို အချောင်းငယ်လေးများ လှီးဖြတ်ပြီး ငါးထဲထည့် နယ်ပါ။ ကြက်သွန်ဖြူ ၊ ငရုတ်သီးစိမ်းများကို ညက်အောင် ထောင်းထားပါ။ နံနံပင် ဖက်ဖယ်ရွက်များကို ပါးပါး လှီးထားပါ။
ငါးပေါင်းမယ့် အိုးထဲကို ကြက်ပြုတ်များ မိမိလိုချင်သလောက်ထည့်ကာ အပူပေးပါ။ အရည် ပူလာလျှင် ကက်ကတစ်ငါးကို ၁၀ မိနစ်ခန့် ထည့်ပေါင်းပါ။ ငါးပေါင်းရလျှင် ပန်းကန်ထဲကို ပြောင်းထည့်ပါ။
ကျန်ရှိနေတဲ့ ငါးပေါင်း အရည်များကို ဆူပွက်သည်အထိ ထပ်မံတည်ပြီး ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းများ နှင့် သံပုရာရည်များထည့်ပါ။ ယိုးဒယားငံပြာရည် ၊ သကြား စသည်များ မိမိ စိတ်ကြိုက် ငါးပေါင်းရည်ထဲထည့်ပါ။
ပေါင်းထားတဲ့ ငါးပေါ်မှာ နံနံပင် ဖက်ဖယ်ရွက် လှီးဖြတ်ထားသည်များ တင်ထားပေးပါ။ ငါးပေါင်းရည်များ ဆူပွက်ပြီး ရနံများ မွှေးပျံလာလျှင် ငါးပေါင်းပေါ်ကို အရည်များ လောင်းချပေးပါ။
အရသာ ရှိလှတဲ့ ငါးပေါင်း သံပုရာကို စားလို့ရပါပြီ ။ အရည်သောက် ရတာကြိုက်လို့ အရည်များများ ချက်ပြီး ငါးအပေါ် ဆမ်းဆမ်းပြီး စားပါတယ် ။ ကြက်ပြုတ်ရည် မရှိလည်း ရေနွေးသုံး လို့ရပါတယ်။
Credit: Warr Tee