ဘယ်သူမဆို ထမင်းစားပြီးတာနဲ့ အချိုပွဲလေးတော့စားလိုက်ချင်တာပါပဲနော်။ ဒါကြောင့် ယခုတခါမှာလည်း လွယ်လွယ်ကူကူနဲ့ ပြုလုပ်နိုင်မယ့် ပလိန်းကိတ်လေးလုပ်နည်းကို ဖော်ပြပေးလိုက်ရပါတယ်။ စွဲမက်ဖွယ်အရသာလည်းရှိ လုပ်ရတာလည်း လွယ်ကူဆိုတော့ ကလေး၊ လူကြီး ကြိုက်နှစ်သက်မှာ အမှန်ပါပဲနော်။

ပါဝင်ပစ္စည်းများ

ဂျုံမှုန့် (ဆန်ကာချnပြီး) – ၇၅ ကျပ်သား

မုန့်ဖုတ်ပေါင်ဒါ – ၂ ကျပ်သား

မာဂျရင်း – ၅၇ ကျပ်သား

သကြား – ၂ ကျပ်သား

ဗနီလာရနံ့ – ၁ ကျပ်သား

ကြက်ဥ – ၂၂ လုံး

ပြင်ဆင်ပြုလုပ်ပုံအဆင့်ဆင့်

မုန့်ခွက်များကို မာဂျရင်းသုတ်ပြီး အောက်ခံစက္ကူဖြတ်ထည့်ကာ အသင့်ပြုလုပ်ထားပါ။ လျှပ်စစ်မုန့်ဖုတ်ဖိုကို အပူချိန် (၃၅၀ ဒီဂရီ) အထိ ဖွင့်ထားပါ။ ဆန်ကာချထားသော ဂျုံမှုန့်ပေါ်သို့ မုန့်ဖုတ်ပေါင်ဒါကို ဖြန့်ထည့်ထားးပါ။ မာဂျရင်းနှင့် သကြားကို သကြားကြေပြီးပွလာသည်အထိ လက်ဖြင့်မွှေပါ။ ဗနီလာရနံ့ များထည့်ပါ။ မိနစ် (၂၀) ခန့်ဆက်ရိုက်ပါ။ ဖြူ၍ပွလာလျှင် ကြက်ဥတစ်လုံးချင်းထည့်၍ သမအောင်မွှေပါ။ ဂျုံနှင့် မုန့်ဖုတ်ပေါင်ဒါတို့ကိုပါ ရောထည့်ပြီးမွှေပါ။ မုန့်ညက်ပျစ်ပျစ်အနေရလာလျှင် ပလိန်းကိတ်မုန့်ပုံစံခွက်တွင် (၁၂) အောင်စစီ ထည့်ပါ။ မျက်နှာပြင်တွင် အလယ်၍ အလျားလိုက် အရာပေးပြီး ခွဲကြောင်းလုပ်ပါ။ မုန့်ဖုတ်ဖိုထဲတွင်သွင်းပြီး (၄၅) မိနစ် ဖုတ်ရပါတယ်။ (၁၂) အောင်စရှိသော မုန့်ကိုးလုံးရပါမည်။

မှတ်ချက် – ယခုဖော်ပြသည့် ပမာဏမှာ လူ ၁၀ ဦးစာ ဖြစ်သည့်အတွက် မိမိရဲ့မိသားစုအရေအတွက်ပေါ်မူတည်ပြီး အတိုးအလျော့လုပ်နိုင်ပါတယ်။