အသုပ်ကြိုက်တဲ့သူတွေနဲ့ ချဉ်ချဉ်စပ်စပ်လေးတွေကြိုက်တဲ့သူတွေအတွက် ကျွဲကောသီးကို စားချင်စဖွယ်နဲ့ အရသာရှိအောင် သုပ်စားနိုင်မယ့်နည်းလမ်းကို မျှဝေပေးလိုက်ပါတယ်။

ကျွဲကောသီးကို ခွက်တစ်ခွက်စာရအောင် ချွေထည့်ထားပါ။

မြေပဲ – စားပွဲတင်ဇွန်း ၂ ဇွန်းစာကို စဉ့်နီတုံးထဲ ထည့်ထောင်းပါမယ်။

ငရုပ်သီးစိမ်းအကြီး – ၂ တောင့်နဲ့ ထန်းညက် – ၁ ခဲကို ထောင်းပါမယ်။ ထောင်းပြီးရင် သံပုရာရည် – စားပွဲတင်ဇွန်း ၂ ဇွန်း၊ ငံပြာရည် – လက်ဖက်ရည်ဇွန်း ၂ ဇွန်းထည့်ပြီး ပန်းကန်လုံးထဲ ပြောင်းထည့်လိုက်ပါ။

ပုဇွန်ခြောက် – စားပွဲတင်ဇွန်း ၂ ဇွန်းစာကို ကျေညက်နေအောင် ထောင်းပါမယ်။ ကြိတ်စက်ထဲ ထည့်ကြိတ်လည်းရသလို ပုဇွန်ခြောက်မှုန့်ပဲ အစားထိုးသုံးမယ်ဆိုလည်း ရပါတယ်။ ပြီးတာနဲ့ ခုနက ပန်းကန်လုံးထဲ ထည့်ပါမယ်။

ထောင်းထားတဲ့မြေပဲနဲ့ အုန်းသီးခြောက်လေးတွေကြိုက်ရင်လည်း ထည့်ပေးပါ။ ချွေထားတဲ့ ကျွဲကောသီးတွေကိုလည်း ထည့်ပါမယ်။ ထည့်ပြီးရင် သေချာသမအောင်နယ်ပါ။

ကြက်သွန်နီ – ၁ လုံးကို လှီးထည့်ပြီး စပါးလင်ကိုလည်း နည်းနည်းလှီးထည့်ပါမယ်။ ရှောက်ရွက် – ၃ ရွက်လောက် လှီးထည့်ပါမယ်။ နံနံပင်ကြိုက်ရင် နံနံပင်လည်းထည့်ပြီး သုပ်ပေးပါ။

သုပ်ပြီးရင်တော့ ပန်းကန်ထဲထည့်ပြီး စားလို့ရပါပြီ။ ဒါဆိုရင်တော့ အရသာရှိတဲ့ ချဉ်ချဉ်စပ်စပ် ကျွဲကောသီးသုပ်ကို ရရှိသွားပါပြီ။

Source: www.pailin’skitchen