အားလုံးပဲ မင်္ဂလာပါ။ ပါတီပွဲတွေ ကျင်းပတဲ့အခါမှာပဲဖြစ်ဖြစ်၊ ဆွေမျိုး၊ မိတ်ဆွေအပေါင်းအသင်းများနဲ့ ဝိုင်းဖွဲ့ပြီး လက်ဆုံထမင်းစားတဲ့အခါမှာပဲဖြစ်ဖြစ် မရှိမဖြစ် လိုအပ်တာကတော့ Appetizer ပဲဖြစ်ပါတယ်။

ဒါ့ကြောင့် ဒီတစ်ခါမှာတော့ ခံတွင်းတွေ့စေမယ့် Appetizer တစ်မျိုးဖြစ်တဲ့ ကြက်ဥကပ် ပုစွန်ကြော် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပုစွန် ၁ ပေါင် (ရေဆေးသန့်စင်ပြီး အခွံခွာထားပါ)
  • ဂျုံမှုန့် စားပွဲတင်ဇွန်း ၂၀ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ

  • ကြက်သွန်ဖြူမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • ကြက်ဥ ၁ လုံး
  • နွားနို့ စားပွဲတင်ဇွန်း ၄ ဇွန်း
  • ဟင်းသီးဟင်းရွက်ဆီ အနည်းငယ်
  • နံနံပင် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအသေးတစ်လုံးထဲတွင် ဂျုံမှုန့် စားပွဲတင်ဇွန်း ၁၆ ဇွန်း၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ ငရုတ်သီးမှုန့်နှင့် ကြက်သွန်ဖြူတို့ထည့်ကာ သမအောင် ရောမွှေလိုက်ပါ။

၂။ ပုစွန်များကို ခြောက်အောင် သုတ်ပြီးနောက် ပန်းကန်လုံးအကြီးတစ်လုံးထဲထည့်ပါ။ ထို့နောက် ဂျုံမှုန့် စားပွဲတင်ဇွန်း ၄ ဇွန်းဖြူးထည့်လိုက်ပါ။

၃။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။

၄။ ပန်းကန်လုံးတစ်လုံးထဲတွင် ကြက်ဥနှင့် နွားနို့တို့ကို မွှေခလောက်လိုက်ပါ။

၅။ ဂျုံမှုန့် ကပ်နေသော ပုစွန်များကို ကြက်ဥထဲထည့်နှစ်လိုက်ပါ။ ထို့နောက် ဆီပူထဲထည့်ကာ ၂ မိနစ်၊ ၃ မိနစ်ခန့် ရွှေညိုရောင် ပြောင်းသွားသည်အထိ ကြော်ပါ။

၆။ ရွှေညိုရောင် ပြောင်းသွားတဲ့ ပုစွန်ကြော်များကို ပန်းကန်လုံးထဲသို့ ပြောင်းထည့်လိုက်ပါ။ ထို့နောက် နံနံပင်အချို့ဖြူးထည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ကြက်ဥကပ် ပုစွန်ကြော်လေး ရရှိသွားပါပြီ။

Source: Dinneratthezoo.com