အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ ဟင်းလျာလေးကတော့ ဝက်သား ကြက်သွန်မြိတ်ရောကြော် ပြုလုပ်နည်းပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်သား ၁၅၀ ဂရမ်
  • ကြက်သွန်မြိတ် ၃ ပင်
  • ကြက်သွန်ဖြူ ၃ မြွှာနှင့် ကြက်သွန်ဖြူ ၁ ဥ
  • လက်မဝက်အရွယ်အစား ဂျင်းတုံးတစ်တုံး
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း

  • ခရုဆီ စားပွဲတင်ဇွန်း တစ်ဝက်
  • ပဲငံပြာရည်အနှောက် လက်ဖက်ရည်ဇွန်းတစ်ဝက်
  • ငရုတ်ကောင်းမှုန့်အနည်းငယ်နှင့် ပြောင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ရေ စားပွဲတင်ဇွန်း ၂ ဇွန်း
  • နှမ်းဆီ စားပွဲတင်ဇွန်းတစ်ဝက်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်သွန်မြိတ်ကို ၃ စင်တီမီတာခန့် လှီးဖြတ်ထားလိုက်ပါ။ ကြက်သွန်ဖြူနှင့် ဂျင်းတို့ကို ပါးပါးလှီးထားပါ။ ကြက်သွန်နီကိုလည်း ပါးပါးလှီးထားပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ကြက်သွန်မြိတ်များထည့်ကာ ၂ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

၃။ ဝက်သားတုံးများကို ပါးပါးလှီးလိုက်ပါ။ ထို့နောက် ပြောင်းမှုန့်၊ ရေ၊ ခရုဆီ၊ ပဲငံပြာရည်အနှောက်၊ ငရုတ်ကောင်းမှုန့်တို့ဖြင့် နယ်ထားလိုက်ပါ။ ထို့နောက် နှမ်းဆီ စားပွဲတင်ဇွန်း တစ်ဝက်ထပ်ထည့်ပြီး သမအောင် ထပ်နယ်ပါ။ ၁၀ မိနစ်ခန့် စိမ်ထားလိုက်ပါ။

၄။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ဝက်သားတုံးများ ထည့်ကြော်လိုက်ပါ။ ဝက်သားတုံးများ အရောင်ပြောင်းသွားပါက ဝက်သားတုံးများ မီးနဲ့ ဆက်မထိအောင် ဒယ်အိုးရဲ့အစွန်းဆုံးကို ပို့ထားလိုက်ပါ။

၅။ ထို့နောက် ဒယ်အိုးထဲသို့ ကြက်သွန်ဖြူ၊ ဂျင်းတို့ထည့်ပြီး အနံ့မွှေးလာသည်အထိ ဆီသတ်လိုက်ပါ။ ထို့နောက် ကြက်သွန်မြိတ်ထည့်ကာ သမအောင်ကြော်ပေးလိုက်ပါ။ နောက်ဆုံးမှ ဝက်သားများ ထည့်ကြော်ပေးရပါမယ်။

အရသာအပေါ့အငန်မြည်းကြည့်ပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ဝက်သား ကြက်သွန်မြိတ်ရောကြော်လေး ရရှိသွားပါပြီ။

Source: Chinasichuanfood.com