(Unicode)
အားလုံးပဲ မင်္ဂလာပါ။ ဝက်သားကြော် ကြိုက်နှစ်သက်သူများအတွက် မှို ဝက်သားရောကြော် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- ဝက်သား ၂၀၀ ဂရမ် (ပါးပါးလှီးထားပါ)
- ဆား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
- ဟင်းချက်ဝိုင် စားပွဲတင်ဇွန်းတစ်ဝက်
- ခရုဆီ စားပွဲတင်ဇွန်းတစ်ဇွန်းနှင့် ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်းတစ်ဝက်
- တစ်လက်မပတ်လည် ဂျင်းတုံးတစ်တုံး (အခွံခွာပြီး ပါးပါးလှီးထားပါ)
Source: Mashed.com
- ကြက်သွန်မြိတ် ၄ ပင် (ပါးပါးလှီးထားပါ)နှင့် ကြက်သွန်ဖြူ ၁ မြွှာ (ပါးပါးလှီးထားပါ)
- ဝက်သားပြုတ်ရည် (သို့) ရေ စားပွဲတင်ဇွန်း ၄ ဇွန်း
- ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံနှင့် ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၃ ဇွန်း
- နှမ်းဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်းနှင့် ဟင်းချက်ဆီအနည်းငယ်
- မှို ၁၀ ပွင့် (ပါးပါးလှီးထားပါ)
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ဝက်သားကို ပါးပါးလှီးပြီးနောက် ဆား၊ ဟင်းချက်ဝိုင်၊ ခရုဆီ၊ ရေ (သို့မဟုတ် ဝက်သားပြုတ်ရည်)နှင့် ငရုတ်ကောင်းမှုန့်တို့ဖြင့် သမအောင် ရောမွှေထားလိုက်ပါ။ ၃ မိနစ်ခန့် စိမ်ထာားပြီးနောက်မှာတော့ ပြောင်းမှုန့်ထည့်ပြီး သမအောင် နယ်ပြီးနောက်မှာ ၁၀ မိနစ်ခန့် ထားထားလိုက်ပါ။ ကြော်ခါနီးကျမှ နှမ်းဆီ လက်ဖက်ရည်ဇွန်းတစ်ဇွန်းထည့်ပြီး သမအောင် ထပ်မွှေပေးလိုက်ပါ။
၂။ ဒယ်အိုးကို အပူပေးလိုက်ပါ။ ဟင်းချက်ဆီအနည်းငယ်ထည့်ပြီးနောက် ဆီပူလာပါက ဝက်သားထည့်ကာ ၅ စက္ကန့်၊ ၈ စက္ကန့် ခန့် ကြော်ပေးလိုက်ပါ။ ထို့နောက် ပန်းကန်လုံးထဲသို့ ချက်ချင်း ဆယ်ယူလိုက်ပါ။
၃။ ဒယ်အိုးထဲတွင် ဆီအများအပြား ကျန်နေပါက ထိုဆီများကို ခပ်ထုတ်လိုက်ပါ။ ကြက်သွန်ဖြူ ဆီသတ်ဖို့ရန်အတွက် ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းခန့် ထားထားခဲ့ရင် ရပါတယ်။ ထို့နောက် ကြက်သွန်ဖြူ၊ ဂျင်းနှင့် ကြက်သွန်မြိတ်တို့ထည့်ပြီး အနံ့မွှေးလာသည်အထိ ဆီသတ်ပေးလိုက်ပါ။ ထို့နောက် မှို၊ ခရုဆီနှင့် ပဲငံပြာရည်အကြည်တို့ထည့်ပြီး စက္ကန့် ၃၀ ခန့် ကြော်ပေးလိုကပါ။
၄။ ထို့နောက် ကြက်သွန်မြိတ်နှင့် ဝက်သားများထည့်ကာ မှိုဖြင့် ရောကြော်ပေးလိုက်ပါ။ ဒါဆိုရင်တော့ အရသာရှိတဲ့ မှို ဝက်သားကြော် ဟင်းလျာလေး ရရှိသွားပါပြီ။
Source: Chinasichuanfood.com
(Zawgyi)
အားလံုးပဲ မဂၤလာပါ။ ဝက္သားေၾကာ္ ႀကိဳက္ႏွစ္သက္သူမ်ားအတြက္ မႈိ ဝက္သားေရာေၾကာ္ ျပဳလုပ္နည္းကို ေဝမွ်ေပးခ်င္ပါတယ္။
ပါဝင္ပစၥည္းမ်ား
- ဝက္သား ၂၀၀ ဂရမ္ (ပါးပါးလွီးထားပါ)
- ဆား လက္ဖက္ရည္ဇြန္း ၄ ပံု ၁ ပံု
- ဟင္းခ်က္ဝိုင္ စားပြဲတင္ဇြန္းတစ္ဝက္
- ခရုဆီ စားပြဲတင္ဇြန္းတစ္ဇြန္းႏွင့္ ပဲငံျပာရည္အၾကည္ စားပြဲတင္ဇြန္းတစ္ဝက္
- တစ္လက္မပတ္လည္ ဂ်င္းတံုးတစ္တံုး (အခြံခြာၿပီး ပါးပါးလွီးထားပါ)
Source: Mashed.com
- ၾကက္သြန္ၿမိတ္ ၄ ပင္ (ပါးပါးလွီးထားပါ)ႏွင့္ ၾကက္သြန္ျဖဴ ၁ ျမႊာ (ပါးပါးလွီးထားပါ)
- ဝက္သားျပဳတ္ရည္ (သို႔) ေရ စားပြဲတင္ဇြန္း ၄ ဇြန္း
- ငရုတ္ေကာင္းမႈန္႔ လက္ဖက္ရည္ဇြန္း ၄ ပံု ၁ ပံုႏွင့္ ေျပာင္းမႈန္႔ လက္ဖက္ရည္ဇြန္း ၃ ဇြန္း
- ႏွမ္းဆီ လက္ဖက္ရည္ဇြန္း ၂ ဇြန္းႏွင့္ ဟင္းခ်က္ဆီအနည္းငယ္
- မႈိ ၁၀ ပြင့္ (ပါးပါးလွီးထားပါ)
ျပဳလုပ္နည္း အဆင့္ဆင့္
၁။ ဝက္သားကို ပါးပါးလွီးၿပီးေနာက္ ဆား၊ ဟင္းခ်က္ဝိုင္၊ ခရုဆီ၊ ေရ (သို႔မဟုတ္ ဝက္သားျပဳတ္ရည္)ႏွင့္ ငရုတ္ေကာင္းမႈန္႔တို႔ျဖင့္ သမေအာင္ ေရာေမႊထားလိုက္ပါ။ ၃ မိနစ္ခန္႔ စိမ္ထာားၿပီးေနာက္မွာေတာ့ ေျပာင္းမႈန္႔ထည့္ၿပီး သမေအာင္ နယ္ၿပီးေနာက္မွာ ၁၀ မိနစ္ခန္႔ ထားထားလိုက္ပါ။ ေၾကာ္ခါနီးက်မွ ႏွမ္းဆီ လက္ဖက္ရည္ဇြန္းတစ္ဇြန္းထည့္ၿပီး သမေအာင္ ထပ္ေမႊေပးလိုက္ပါ။
၂။ ဒယ္အိုးကို အပူေပးလိုက္ပါ။ ဟင္းခ်က္ဆီအနည္းငယ္ထည့္ၿပီးေနာက္ ဆီပူလာပါက ဝက္သားထည့္ကာ ၅ စကၠန္႔၊ ၈ စကၠန္႔ ခန္႔ ေၾကာ္ေပးလိုက္ပါ။ ထို႔ေနာက္ ပန္းကန္လံုးထဲသို႔ ခ်က္ခ်င္း ဆယ္ယူလိုက္ပါ။
၃။ ဒယ္အိုးထဲတြင္ ဆီအမ်ားအျပား က်န္ေနပါက ထိုဆီမ်ားကို ခပ္ထုတ္လိုက္ပါ။ ၾကက္သြန္ျဖဴ ဆီသတ္ဖို႔ရန္အတြက္ ဆီ စားပြဲတင္ဇြန္း ၁ ဇြန္းခန္႔ ထားထားခဲ့ရင္ ရပါတယ္။ ထို႔ေနာက္ ၾကက္သြန္ျဖဴ၊ ဂ်င္းႏွင့္ ၾကက္သြန္ၿမိတ္တုိ႔ထည့္ၿပီး အနံ႔ေမႊးလာသည္အထိ ဆီသတ္ေပးလိုက္ပါ။ ထို႔ေနာက္ မႈိ၊ ခရုဆီႏွင့္ ပဲငံျပာရည္အၾကည္တို႔ထည့္ၿပီး စကၠန္႔ ၃၀ ခန္႔ ေၾကာ္ေပးလို္ကပါ။
၄။ ထို႔ေနာက္ ၾကက္သြန္ၿမိတ္ႏွင့္ ဝက္သားမ်ားထည့္ကာ မႈိျဖင့္ ေရာေၾကာ္ေပးလိုက္ပါ။ ဒါဆိုရင္ေတာ့ အရသာရွိတဲ့ မႈိ ဝက္သားေၾကာ္ ဟင္းလ်ာေလး ရရိွသြားပါၿပီ။
Source: Chinasichuanfood.com