မိသားစုတွေနဲ့ပဲဖြစ်ဖြစ်၊ သူငယ်ချင်းမိတ်ဆွေအပေါင်းအသင်းတွေနဲ့ ဝိုင်းဖွဲ့ပြီး ပါတီကျင်းပတဲ့အခါ ဘာဘီကျူးတွေက မရှိမဖြစ်လိုအပ်တဲ့ အစားအစာတစ်ခုပဲဖြစ်ပါတယ်။ ဝက်သားဘာဘီကျူး၊ ကြက်သားဘာဘီကျူး၊ အမဲသားဘာဘီကျူး စသည်ဖြင့် အမျိုးမျိုး လုပ်စားကြတဲ့အနက် ဒီတစ်ခါမှာတော့ ဝက်သားဘာဘီကျူး ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်သား မိုးခိုသား ၃ ပေါင် (ပါးပါးလှီးထားပါ)
  • သကြားညို စားပွဲတင်ဇွန်း ၂ ဇွန်း
  • Ketchup စားပွဲတင်ဇွန်း ၈ ဇွန်း
  • ကြက်သွန်ဖြူ ၆ မြွှာ (ဓားပြားရိုက်ထားပါ)
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၈ ဇွန်း

  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဝက်သားတုံးများကို ပန်းကန်လုံးအကြီးထဲ ထည့်ထားပါ။ ပဲငံပြာရည်၊ Ketchup ၊ သကြားညို၊ ကြက်သွန်ဖြူနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ သမအောင် ရောနယ်ပါ။ ထို့နောက် အဖုံးအုပ်ထားပြီး ရေခဲသေတ္တာထဲတွင် အနည်းဆုံး ၃ နာရီကြာ နှပ်ထားလိုက်ပါ။

ဝက်သားများကို အချိန်ကြာကြာနှပ်ထားလေလေ အသားရဲ့အရသာက ပိုကောင်းလေပါပဲ။

၂။ မိမိစိတ်ကြိုက်အချိန်ကြာသည်အထိ နှပ်ပြီးသွားတဲ့အခါမှာတော့ ဝက်သားတုံးများကို ဝါးတုတ်ချောင်းထဲတွင် အစီအရီ ထိုးထည့်လိုက်ပါ။

၃။ ထို့နောက် အကင်မီးဖိုကို အပူပေးပါ။ ထို့နောက် ဝက်သား တုတ်ထိုးများကို ၃ မိနစ်၊ ၅ မိနစ်ခန့် ကင်လိုက်ပါ။ အခြားတစ်ဖက်သို့ လှန်ကာ နောက်ထပ် ၃ မိနစ်ခန့် ကျက်အောင် ကင်ပါ။

၄။ အားလုံးကင်ပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ဝက်သား ဘာဘီကျူးလေး ရရှိသွားပါပြီ။

မိမိနှစ်သက်ရာအချဉ်ရည်ဖြင့် သုတ်လိမ်းကာ အရသာရှိရှိစားသုံးနိုင်ပါတယ်။

Source: Panlasangpinoy.com