အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ပြုလုပ်ရလွယ်ကူပြီး အရသာရှိတဲ့ ဝက်သုံးထပ်သား အာလူးကြွပ်ကြော် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်သားပြား ၄ ပြား၊ ၅ ပြားခန့် (အနေတော် အတုံး တုံးထားပါ)
  • အစိမ်းရောင် ငရုတ်ပွ တစ်ခု (ပါးပါးလှီးထားပါ)
  • ကြက်သွန်ဖြူ ၃ မြွှာ (ပါးပါးလှီးထားပါ)
  • ဂျင်း ၃ ပြား၊ ၄ ပြားခန့်
  • ငရုတ်သီးခြောက် လက်တစ်ဆုပ်စာခန့် (ပါးပါးလှီးထားပါ)

  • အာလူး ၃ လုံး (ခပ်ပါးပါးလှီးဖြတ်ထားပါ)
  • ဆားအနည်းငယ်နှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ပဲငံပြာရည် စားပွဲတင်ဇွန်း တစ်ဝက်
  • သကြား လက်ဖက်ရည်ဇွန်း ၈ ပုံ ၁ ပုံ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အာလူးပြားများကို ရေဖြင့် ဆေးကြောပြီးနောက် ခြောက်သွေ့သွားဖို့ရန်အတွက် တစ်သျှူးဖြင့် သုတ်ထားလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီအနည်းငယ်ထည့်ကာ အာလူးများကို မီးအေးအေးဖြင့် ၃ မိနစ်ခန့် ကြော်ပေးလိုက်ပါ။ အာလူးများ ရွှေညိုရောင်ပြောင်းသွားပါက ပန်းကန်ပြားထဲသို့ ဆယ်ယူထားလိုက်ပါ။

၃။ ထိုဒယ်အိုးထဲသို့ ဝက်သားပြားများ ထည့်ပါ။ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ပြီးနောက် ၅ မိနစ်ခန့် ကြော်ပေးလိုက်ပါ။ ဝက်သားများ ရွှေညိုရောင်ပြောင်းသွားပါက ပန်းကန်ပြားထဲသို့ ဆယ်ထည့်ထားလိုက်ပါ။

၄။ ထို့နောက် ငရုတ်ပွ၊ ဂျင်း၊ ကြက်သွန်ဖြူနှင့် ငရုတ်သီးတောင့်တို့ထည့်ပြီး ၂ မိနစ်၊ ၃ မိနစ်ခန့် အနံ့မွှေးလာသည်အထိ ဆီသတ်ပေးလိုက်ပါ။

၅။ အနံ့မွှေးလာတဲ့နောက်မှာတော့ ဝက်သားနှင့် အာလူးကြော်တို့ကို ဒယ်အိုးထဲ ထည့်လိုက်ပါ။ ပဲငံပြာရည်နှင့် သကြားတို့ထည့်ပြီး ၁ မိနစ်၊ ၂ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ဝက်သုံးထပ်သား အာလူးကြွပ်ကြော်လေး ရရှိသွားပါပြီ။ ပန်းကန်ထဲပြောင်းထည့်ကာ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Spicetheplate.com