အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ဝက်သားနဲ့ ကြွက်နားရွက်မှို ချက်နည်းကို မျှဝေပေးချင်ပါတယ်။
ပါဝင်ပစ္စည်း
- ဝက်သား ၁ ပေါင်ခန့် (လက်မဝက်ခန့်လှီးပါ)
- ကြွက်နားရွက်မှို တစ်ခွက် (ရေအေးအေးနဲ့ ၂ နာရီလောက်စိမ်ထားလိုက်ပြီး ပါးပါးလှီးလိုက်ပါ)
- ငရုတ်ပွသီး ၁ လုံး (ပါးပါးလှီးပါ)
- ပဲငံပြာရည်၊ ဆားအနည်းငယ်
- ရေ ခွက် ၁/၄ ပုံခန့်
ပြုလုပ်နည်း
အရင်ဆုံး ဝက်သားကို အိုးထဲထည့်လိုက်ပြီး အရင်ကြော်လိုက်ပါ။ (၃) ထပ်သားဆိုတော့ ဆီထည့်စရာမလိုပါဘူး။
ဝက်သား အညိုရောင်လေးသန်းလာရင်တော့ ငရုတ်ပွသီးထည့်ပါ။
ပြီးရင်တော့ ပဲငံပြာရည်၊ မှိုနဲ့ဆားတို့ကိုထည့်လိုက်ပါ။
၅ မိနစ်လောက်မွှေပေးလိုက်ပါ။
ရေ ထည့်ပါ။ အဖုံးအုပ်ထားလိုက်ပြီး ၅ မိနစ်မှ ၁၀ မိနစ်အထိထားပါ။
အဲဒီနောက် နူးနူးအိအိလေးဖြစ်ပြီဆိုရင်တော့ ပူပူလေးသုံးဆောင်လို့ရပါပြီနော်။
Source: www.thewoksoflife.com
By: MyFood Myanmar