အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ဝက်သားနဲ့ ကြွက်နားရွက်မှို ချက်နည်းကို မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်း

  • ဝက်သား ၁ ပေါင်ခန့် (လက်မဝက်ခန့်လှီးပါ)
  • ကြွက်နားရွက်မှို တစ်ခွက် (ရေအေးအေးနဲ့ ၂ နာရီလောက်စိမ်ထားလိုက်ပြီး ပါးပါးလှီးလိုက်ပါ)
  • ငရုတ်ပွသီး ၁ လုံး (ပါးပါးလှီးပါ)
  • ပဲငံပြာရည်၊ ဆားအနည်းငယ်
  • ရေ ခွက် ၁/၄ ပုံခန့်

ပြုလုပ်နည်း

အရင်ဆုံး ဝက်သားကို အိုးထဲထည့်လိုက်ပြီး အရင်ကြော်လိုက်ပါ။ (၃) ထပ်သားဆိုတော့ ဆီထည့်စရာမလိုပါဘူး။

ဝက်သား အညိုရောင်လေးသန်းလာရင်တော့ ငရုတ်ပွသီးထည့်ပါ။

ပြီးရင်တော့ ပဲငံပြာရည်၊ မှိုနဲ့ဆားတို့ကိုထည့်လိုက်ပါ။

၅ မိနစ်လောက်မွှေပေးလိုက်ပါ။

ရေ ထည့်ပါ။ အဖုံးအုပ်ထားလိုက်ပြီး ၅ မိနစ်မှ ၁၀ မိနစ်အထိထားပါ။

အဲဒီနောက် နူးနူးအိအိလေးဖြစ်ပြီဆိုရင်တော့ ပူပူလေးသုံးဆောင်လို့ရပါပြီနော်။

Source: www.thewoksoflife.com

By: MyFood Myanmar