အားလုံးပဲ မင်္ဂလာပါ။ ဝက်သားထဲမှာမှ အသားနဲ့ အဆီတို့ရောနှောနေတဲ့ ဝက်သုံးထပ်သားကိုမှ ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ အရသာရှိတဲ့ ဝက်သုံးထပ်သားသုပ် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်သား သုံးထပ်သား ဝ.၅ ပေါင် (ပါးပါးလှီးထားပါ)
  • နံနံပင် တစ်စည်းရဲ့သုံးပုံ တစ်ပုံခန့် (ပါးပါးလှီးထားပါ)
  • ကြက်သွန်ဖြူ ၂ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • လှော်ထားေးသာ မြေပဲ လက်တစ်ဆုပ်စာခန့်
  • နှမ်းဆီ အနည်းငယ်

နယ်ဖတ်ရန်လိုအပ်သော ဆော့စ်အမျိုးအစားများ

  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ငရုတ်သီးဆော့စ် စားပွဲတင်ဇွန်း ၁ ဇွန်း
  • တရုတ်ရှာလကာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်သွန်ဖြူ ၂ မြွှာ (နုပ်နုပ်စဉ်းထားပါ)

ဝက်သုံးထပ်သားပြုတ်ရန်အတွက် လိုအပ်သောဟင်းခပ်ပစ္စည်းများ

  • ဂျင်းပြား ၃ ပြား (သို့) ၄ ပြား
  • ပျဉ်းတော်သိမ်ရွက်အနည်းငယ်
  • သစ်ကြမ်းပိုးခေါက် တစ်ချောင်း
  • ငရုတ်ကောင်းစေ့ လက်တစ်ဆုပ်စာခန့်
  • ငရုတ်သီးတောင့် အခြောက် ၂ တောင့် (သို့) ၃ တောင့်ခန့်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးတစ်လုံးထဲတွင် ပဲငံပြာရည်၊ ငရုတ်သီးဆော့စ်၊ တရုတ်ရှာလကာရည်၊ နှမ်းဆီနှင့် နုပ်နုပ်စဉ်ထားသော ကြက်သွန်ဖြူတို့ကို သမအောင် နယ်ထားလိုက်ပါ။

၂။ အိုးတစ်လုံးကို အပူပေးပြီး ရေထည့်ကာ ဂျင်း၊ ပျဉ်းတော်သိမ်၊ ငရုတ်ကောင်းစေ့နှင့် ငရုတ်သီးခြောက်အတောင့်တို့ထည့်ပြီး မီးပြင်းပြင်းဖြင့် ၁၀ မိနစ်ခန့် တည်ထားလိုက်ပါ။

၃။ (၁၀) မိနစ်ပြည့်ပါက ဝက်သား သုံးထပ်သားများကို အိုးထဲထည့်ကာ ၇ မိနစ်၊ ၈ မိနစ်ခန့် တည်ထားလိုက်ပါ။ ဝက်သားများ ကျက်သွားပါက ပန်းကန်လုံးအကြီးထဲသို့ ဆယ်ထည့်ထားပါ။

၄။ ထို့နောက် ဝက်သားပေါ်သို့ နံနံပင်၊ ကြက်သွန်ဖြူ၊ မြေပဲ၊ နှမ်းစေ့နှင့် အဆင့် (၁) က ရောနှောထားသော ဆော့စ်များကို လောင်းထည့်ကာ သမအောင် နယ်ပေးလိုက်ပါ။

အရသာအပေါ့အငန်မြည်းစမ်းကြည့်ပြီးတဲ့နောက်မှာတော့ အရသာရှိတဲ့ ဝက်သုံးထပ်သား အသုပ်လေး ရရှိသွားပါပြီ။

ထမင်းနဲ့အတူတူ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Spicetheplate.com