ဝက်သားဟင်း ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ အရသာလည်းရှိ ပြုလုပ်ရလည်း လွယ်ကူတဲ့ ဝက်သားအစာသွပ် ငရုတ်ပွဟင်း ချက်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ငရုတ်ပွ ၄ ခု
  • ဝက်သား ၁ ပေါင်ခွဲ
  • မိမိကြိုက်နှစ်သက်ရာ ပဲတစ်မျိုးမျိုး ၁၅ အောင်စ (ပြုတ်ထားပါ)
  • ပြောင်းဖူး ၁၅ အောင်စ (ပြုတ်ပြီး အစေ့များ ခြွေထားပါ)
  • ချိစ် ပန်းကန်လုံးအသေး ၂ လုံးစာ (အချောင်းများရအောင် လှီးဖြတ်ထားပါ)

  • ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)
  • နံနံပင် စားပွဲတင်ဇွန်း ၁ ဇွန်းစာ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဝက်သားကို ပြုတ်ပြီးနောက် အသားနွှင်ထားပါ။ မပြုတ်ဘဲ မီးကင်ပေးထားမယ်ဆိုလည်း အဆင်ပြေပါတယ်။

၂။ Oven ကို ၄၂၅ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။

၃။ ငရုတ်ပွများကို အလယ်တည့်တည့်က ထက်ခြမ်းခြမ်းပြီးနောက် အစေ့နှင့် အလယ်အူတိုင်တို့ကို ဖယ်ရှားထားပါ။

၄။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ဝက်သား၊ ပြုတ်ပြီးသားပဲ၊ ပြောင်းဖူးပြုတ်နှင့် ချိစ် ပန်းကန်လုံး ၁ လုံးစာတို့ကို သမအောင် ရောနယ်ထားလိုက်ပါ။

၅။ ရရှိလာတဲ့ ဝက်သားအစာသွပ်ကို ငရုတ်ပွထဲထည့်လိုက်ပါ။ ထိုငရုတ်ပွကို လင်ဗန်းပေါ်တင်ပါ။ ထို့နောက် ခဲဖတ်အုပ်ထားပြီး Oven ထဲတွင် မိနစ် ၂၀ ခန့် ထည့်ကာ အပူပေးထားလိုက်ပါ။

၆။ သတ်မှတ်ချိန်ပြည့်ပါက ခဲဖတ်ကို ဖယ်ရှားပြီးနောက် ကျန်ရှိနေသော ချိစ်များဖြူးထည့်ကာ Oven ထဲတွင် နောက်ထပ် ၅ မိနစ်ခန့် ပြန်လည်အပူပေးထားလိုက်ပါ။

၇။ သတ်မှတ်ချိန်ပြည့်ပါက Oven ထဲကထုတ်ပြီး ကြက်သွန်မြိတ်နှင့် နံနံပင်တို့ ဖြူးထည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ဝက်သားအစာသွပ် ငရုတ်ပွဟင်းလျာတစ်ပွဲ ရရှိသွားပါပြီ။

Source: Ourkidthings.com