အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ဝက်သားဟင်းချက်နည်းလေးကို ဖော်ပြပေးချင်ပါတယ်။ ဝက်သားဟင်းချက်နည်းဆိုလို့ အိမ်တိုင်းချက်တတ်တာပဲလို့မတွေးလိုက်ပါနဲ့အုံးနော်။ ဆီပြန်အနှစ်တွေနဲ့မဟုတ်ဘဲ ဝက်သားနီချက်လေးမို့လို့ တမျိုးထူးခြားတဲ့ အရသာလေးကို ခံစားမိနိုင်မှာပါ။
လိုအပ်သောပစ္စည်းများ
- ဝက်သား သုံးထပ်သား – ၂၅သားခန့်
- ကြက်သွန်နီ – ၃ ဥ
- ကြက်သွန်ဖြူ – ၁ဥ
- သကြားအညို – ထမင်းစားဇွန်း ၂ဇွန်း
- ဂျင်း အတက်သေး – ၁တက်
- Dark Sweet Soy Sauce
- Light Soy Sauce
ပြင်ဆင်ချက်ပြုတ်နည်း
- ဝက်သားတုံးများကို ရေစင်အောင် ဆေးပြီး ဆား ၊ ပဲငံပြာရည် အကြည် ၊ အနောက်တို့ အပြင် ညက်အောင် ထောင်းထားတဲ့ ဂျင်းပါ ထည့်ပြီး နာရီဝက်ခန့် နှပ်ထားပေးပါ။
- ဒယ်အိုးထဲကို ဆီ အနည်းငယ် ထည့်ပြီး မီးအေးအေးဖြင့် သကြားများကို အညိုရင့်ရောင် ပြောင်းသည် အထိ ကြော်ပေးပါ။ သကြားက ကတ်တတ်တဲ့ အတွက် ကြော်နေစဉ် မပြတ်မွှေပေးပါ။
- သကြားများ မိမိ ကြေနပ်သည် အထိ မွှေးပျံ့ပြီး အရောင်ပြောင်း လာလျင် ဝက်သားများ ထည့်ကာ အသားထဲမှ ရေများကုန်သည်အထိ ချက်ပေးပါ။
- အသားများ ရေကုန်ပြီး အဆီများ စတင် ထွက်လာတာနဲ့ ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ထောင်းထားတဲ့ အနှစ်များကို အနံ့များ မွှေးပျံ့လာသည် အထိ မွှေပြီးချက်ပေးပါ။ အနှစ်များနွမ်းလျင် ရေမြုပ် ရုံထည့်ပြီး အသားများ နူးအိလာသည် အထိ ရေမကြာခဏထည့်ပေးပြီး ချက်ပါ။
- အဖုံးအုပ်ထားပါ ။ မကြာခဏမွှေပေးပါ။ အသားများ အိပြီး ဆီပြန်လာလျင် မီးဖိုပေါ်မှ ချပြီး စားသုံးလို့ ရပါပြီ။
Credit: Warr Tee