အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ဝက်သားဟင်းချက်နည်းလေးကို ဖော်ပြပေးချင်ပါတယ်။ ဝက်သားဟင်းချက်နည်းဆိုလို့ အိမ်တိုင်းချက်တတ်တာပဲလို့မတွေးလိုက်ပါနဲ့အုံးနော်။ ဆီပြန်အနှစ်တွေနဲ့မဟုတ်ဘဲ ဝက်သားနီချက်လေးမို့လို့ တမျိုးထူးခြားတဲ့ အရသာလေးကို ခံစားမိနိုင်မှာပါ။

လိုအပ်သောပစ္စည်းများ

  • ဝက်သား သုံးထပ်သား – ၂၅သားခန့်
  • ကြက်သွန်နီ – ၃ ဥ
  • ကြက်သွန်ဖြူ – ၁ဥ
  • သကြားအညို – ထမင်းစားဇွန်း ၂ဇွန်း
  • ဂျင်း အတက်သေး – ၁တက်
  • Dark Sweet Soy Sauce
  • Light Soy Sauce

ပြင်ဆင်ချက်ပြုတ်နည်း

  1. ဝက်သားတုံးများကို ရေစင်အောင် ဆေးပြီး ဆား ၊ ပဲငံပြာရည် အကြည် ၊ အနောက်တို့ အပြင် ညက်အောင် ထောင်းထားတဲ့ ဂျင်းပါ ထည့်ပြီး နာရီဝက်ခန့် နှပ်ထားပေးပါ။
  2. ဒယ်အိုးထဲကို ဆီ အနည်းငယ် ထည့်ပြီး မီးအေးအေးဖြင့် သကြားများကို အညိုရင့်ရောင် ပြောင်းသည် အထိ ကြော်ပေးပါ။ သကြားက ကတ်တတ်တဲ့ အတွက် ကြော်နေစဉ် မပြတ်မွှေပေးပါ။
  3. သကြားများ မိမိ ကြေနပ်သည် အထိ မွှေးပျံ့ပြီး အရောင်ပြောင်း လာလျင် ဝက်သားများ ထည့်ကာ အသားထဲမှ ရေများကုန်သည်အထိ ချက်ပေးပါ။
  4. အသားများ ရေကုန်ပြီး အဆီများ စတင် ထွက်လာတာနဲ့ ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ထောင်းထားတဲ့ အနှစ်များကို အနံ့များ မွှေးပျံ့လာသည် အထိ မွှေပြီးချက်ပေးပါ။ အနှစ်များနွမ်းလျင် ရေမြုပ် ရုံထည့်ပြီး အသားများ နူးအိလာသည် အထိ ရေမကြာခဏထည့်ပေးပြီး ချက်ပါ။
  5. အဖုံးအုပ်ထားပါ ။ မကြာခဏမွှေပေးပါ။ အသားများ အိပြီး ဆီပြန်လာလျင် မီးဖိုပေါ်မှ ချပြီး စားသုံးလို့ ရပါပြီ။

Credit: Warr Tee