အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ဟင်းလျာလေးကတော့ အချဉ်အရသာ စိမ့်ဝင်နေတဲ့ ဝက်သားကြော် ပြင်ဆင်ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်သား ၄ ပေါင်
  • ကြက်သွန်နီ ၁ ဥ (အခွံခွာပြီး ထက်ခြမ်း ခြမ်းထားပါ)
  • ကြက်သွန်ဖြူ ၃ မြွှာ (ထောင်းထားပါ)
  • ကမ္ဗလာသီး ၂ လုံး (အရည်ညှစ်ထားပြီးနောက် ညှစ်ပြီးသားအခွံကို သိမ်းထားပါ)
  • သံပုရာသီး ၂ လုံး (အရည်ညှစ်ပြီးနောက် ညှစ်ပြီးသားအခွံကို သိမ်းထားပါ)

  • ဆားနှင့် ငရုတ်ကောင်းမှုန့်အနည်းငယ်
  • ဇီရာမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အရင်ဦးဆုံး Oven ကို ၃၀၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။

၂။ ပန်းကန်လုံးအသေးတစ်လုံးထဲတွင် ဆား၊ ငရုတ်ကောင်းမှုန့်၊ ဇီရာမှုန့်၊ ငရုတ်သီးမှုန့်တို့ကို သမအောင် ရောမွှေထားပါ။

၃။ ဝက်သားကို အိုးအကြီးတစ်လုံးထဲ ထည့်ပြီးနောက် စောစောက ဟင်းခပ်မှုန့်အရောအနှောများဖြင့် ပွတ်တိုက်ပေးလိုက်ပါ။ ထို့နောက် ထိုအိုးထဲသို့ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ သံပုရာရည်၊ ကမ္ဗလာရည်၊ သံပုရာခွံ၊ ကမ္ဗလာခွံတို့ထည့်လိုက်ပါ။

၄။ အိုးကို အဖုံးပိတ်ပြီးနောက် Oven ထဲ ထည့်ကာ ၃ နာရီခွဲခန့် အပူပေးထားလိုက်ပါ။

၅။ သတ်မှတ်ချိန်ပြည့်ပါက Oven ထဲကထုတ်ကာ ဝက်သားများ ကို အသားနွှင်ပေးလိုက်ပါ။

အိုးထဲတွင်တော့ ဝက်ဆီများ ကျန်ခဲ့ပါလိမ့်မယ်။

၆။ ကျန်ခဲ့သော ဝက်ဆီအနည်းငယ်ကို ဒယ်အိုးထဲထည့်ပြီး အပူပေးပါ။ ထို့နောက် နွှင်ထားသော ဝက်သားများကို ကြွပ်ရွနေအောင် ပြန်ကြော်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိပြီး အချဉ်အရသာစိမ့်ဝင်နေတဲ့ ဝက်သားအချဉ်ကြော်ဟင်းလျာတစ်ပွဲ ရရှိသွားပါပြီ။

Source: Jocooks.com