နာမည်ကြားရုံနဲ့တင် သွားရေတမြှားမြှားကျချင်စရာကောင်းတဲ့ မှို ဝက်သားပြားကင်ကို မိမိအိမ်မှာပဲ အလွယ်တကူလုပ်စားလို့ရမယ့် နည်းလမ်းလေးကို ဝေမျှပေးချင်ပါတယ်။ ဒီ မှို ဝက်သားပြားကင် ဟင်းလျာကို ထမင်းနဲ့ တွဲဖက်စားသုံးလို့လည်းရသလို၊ အာလူးပြုတ်၊ ခေါက်ဆွဲစတဲ့ အစားအစာများနဲ့လည်း တွဲဖက်စားသုံးလို့ရပါတယ်။

ပါဝင်ပစ္စည်းများ

Photo Source: www.istockphoto.com

  • ဝက်သားပြား ၉ ပြား
  • မှို ပန်းကန်လုံး တစ်လုံးခွဲခန့်
  • Sour Cream ပန်းကန်လုံးတစ်လုံး
  • ကြက်သွန်နီ တစ်ခြမ်း

  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း
  • ကြက်ဥ ၁ လုံး
  • ဆားအနည်းငယ်
  • ငရုတ်ကောင်းအနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

ကြက်ဥ ၁ လုံးကို ခက်ရင်းနဲ့ မွှေခလောက်ပြီးနောက် ဝက်သားပြားများကို ကြက်ဥအရည်ထဲ စိမ်ထားလိုက်ပါ။

ကြက်သွန်နီကို အကွင်းလိုက် လှီးဖြတ်ထားလိုက်ပါ။ မှိုများကိုလည်း အဝိုင်းလိုက် ပါးပါးလှီးဖြတ်ထားပါ။ အခြား ပန်းကန်လုံးတစ်လုံးထဲမှာ ခရင်မ်များထည့်ထားပါ။ ခရင်မ်က အရမ်းပျစ်နေရင် ရေ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပေးလိုက်ပါ။

ဒယ်အိုးတစ်လုံးထဲမှာ ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပြီး အပူပေးပါ။ ဝက်သားပြားများကို ရွှေညိုရောင်သမ်းလာသည်အထိ ထည့်ကြော်ပေးလိုက်ပါ။ ထို့နောက် အခြားဒယ်အိုးတစ်လုံးထဲမှာ ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပြီး ကြက်သွန်နီနှင့် မှိုထည့်ပြီး ၇ မိနစ်ခန့် ထည့်ကြော်ပေးပါ။

Oven ကို အပူချိန် ၃၇၀ ဒီဂရီ ဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။ ပြီးတဲ့အခါ ဝက်သားပြားများကို ဆားနှင့် ငရုတ်ကောင်းဖြူးထားပြီး နယ်ပေးလိုက်ပါ။ ထို့နောက် အသားကင်မယ့် လင်ဗန်းထဲမှာ ဝက်သားတုံးများ အစီအရီထည့်ထားလိုက်ပါ။

ဝက်သားတုံးရဲ့ အပေါ်မှာ မှိုနဲ့ ကြက်သွန်နီကြော်များ အညီအမျှခွဲဝေထည့်ထားလိုက်ပါ။

ထို့နောက် ခရင်မ်များကို ဝက်သားပြားရဲ့ အပေါ်မှာ လောင်းထည့်လိုက်ပါ။ ပြီးရင်တော့ Oven ထဲမှာ မိနစ် ၃၀၊ မိနစ် ၄၀ ခန့် ထည့်ထားလိုက်ပါ။

အချိန်ပြည့်သွားပြီဆိုရင်တော့ မှို ဝက်သားပြားကင်ကို မိမိစိတ်ကြိုက် အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source: www.mydeliciousmeals.com