ဝက်သားဟင်းချည်းပဲစားရတာရိုးလာရင် အသစ်အဆန်းလေးဖြစ်ပြီး အရသာတစ်မျိုးနဲ့ ပိုစားလို့ကောင်းအောင် ဝက်သားကိုနာနတ်သီးနဲ့ရောပြီး အရသာရှိရှိချက်စားကြည့်ပါ။ ချက်ရတာလည်း မခက်တဲ့အတွက် နာနတ်သီးကြိုက်တဲ့သူတွေဆိုရင်တော့ ချက်စားကြည့်သင့်ပါတယ်နော်။

ဝက်ခေါက် (သို့) အဆီနဲ့အသားတွဲရက် ဝက်သား – ၂ ပေါင်ကို အနေတော်အတုံးတွေတုံးထားပါ။

ဒယ်အိုးထဲကို ဆီနည်းနည်းထည့်ပြီး ဝက်သားတွေထည့်ကြော်ပါမယ်။ ကြော်ပြီးရင် ပန်းကန်ထဲခူးထုတ်ပါမယ်။

ဒယ်အိုးထဲမှာကျန်တဲ့ဆီနဲ့ပဲ ကြက်သွန်နီ – ၂ လုံးကို လှီးထည့်ပြီး ကြော်ပါမယ်။ အုန်းနို့ – ခွက်တစ်ဝက်စာထည့်ပါမယ်။ ပဲငံပြာရည်အကြည် – စားပွဲတင်ဇွန်း ၂ ဇွန်း၊ ရှာလကာရည် – စားပွဲတင်ဇွန်း ၂ ဇွန်း၊ ငရုပ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ပြီး မွှေပေးပါ။

ခုနကကြော်ထားတဲ့ ဝက်သားတွေကိုထည့်ပါမယ်။ ရေနည်းနည်းထပ်ထည့်ပြီး ခဏတည်ထားပါမယ်။

နာနတ်သီးတွေကို ပန်းကန်လုံးတစ်လုံးစာရအောင် အနေတော်လောက်လေးတွေ လှီးထားပါ။ ပြီးတာနဲ့ ဒယ်အိုးထဲကို ဆီနည်းနည်းထည့်ပြီး နာနတ်သီးတွေ ထည့်ကြော်ပါမယ်။

ဝက်သားလည်းနူးပြီဆိုရင် ကြော်ထားတဲ့နာနတ်သီးတွေကိုပါ ဝက်သားအိုးထဲ ရောထည့်ပြီး မွှေပေးပါ။ ခဏလောက်တည်ထားပြီး အပေါ်ကနေ နံနံပင်လေးအုပ်ပေးလိုက်ရင်တော့ အနံ့ပိုမွှေးသွားမှာပါ။

အားလုံးနူးပြီဆိုရင်တော့ ကိုယ်စားမယ့်ပန်းကန်ထဲထည့်ပြီး ထမင်းနဲ့ တွဲဖက်စားသုံးနိုင်ပါပြီ။ ဒါဆိုရင်တော့ ဝက်သားနဲ့နာနတ်သီးဟင်းကို ရရှိသွားပါပြီ။

Source: www.pai’skitchen.com