၀က်သား နှင့် ခရမ်းသီးချက် ကတော့ အားလုံး စားဖူးကျမှာပါ။ စည်ကတော့ ဝက်ဆီဖတ်လေးနှင့် ပြန်လည် အရသာ ဆန်းထားပါတယ်။ စိမ့်သော အရသာလေးနှင့် ထမင်းပူပူလေးဖြင့် တွဲစားလျှင် လိုက်ဖက်သောကြောင့် အားလုံး ချက်စားလို့ ရအောင် ဖော်ပြလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်ဆီဖတ် – ၁၀ ကျပ်သား (အဖတ်သေးသေးလေးတွေ ဖဲ့ထားပါ)
  • ထောပတ်ခရမ်းသီး – ၆ လုံး (အရှည်လိုက် ၄ ခြမ်း ခြမ်းထားပါ။)
  • ဆား – ၁/၄ ဇွန်း လက်ဖက်ဇွန်း
  • ဟင်းအနှစ် လုပ်ရန်
  • ကြက်သွန်ဖြူ – ၄ မွှာ (ထောင်းထားပါ)
  • ကြက်သွန်နီ – ၅ လုံး (ထောင်းထားပါ)
  • အသီးအရွက်ဆီ – ၂ ဇွန်း စားပွဲဇွန်း
  • ငံပြာရည် – ၂ ဇွန်း ခွဲ လက်ဖက်ဇွန်း
  • နနွင်းမှုန့် – တစ်ဝက် ဇွန်း လက်ဖက်ဇွန်း
  • အရောင်တင်မှုန့် – ၁ ဇွန်း ခွဲ စားပွဲဇွန်း
  • ငရုတ်သီးစိမ်း ၅ တောင့် (ပိုင်းထားပါ)
  • ရှောက်ရွက် ၂ ပင် (အရွက်ချွေပြီး ပါးပါး လှီးထားပါ၊ ချက်ပြီး အပေါ်မှဖြူးပါ)

ပြုလုပ်နည်း

  1. ဟင်းအနှစ်တည်ရန် မီးအနေတော်နှင့် အိုးပူလာအောင်တည်ပါ။ ဆီထည့်ပြီး ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊နနွင်းမှုန့်၊ အရောင်တင်မှုန့် ၊ ငရုတ်သီးစိမ်း များထည့်ပြီး ဆီသတ်ပါ။
  2. ကြက်သွန်နွမ်းပြီး အနံ့မွှေး လာလျှင် ငံပြာရည်ထည့်ပြီး တည်ပါ။ ပြီးလျှင် ခရမ်းသီး နှင့် ရေအနည်းငယ် ထည့်ပြီး ၅ မိနစ်လောက် အဖုံးအုပ်ပြီး ထပ်တည်ပါ။
  3. ဟင်းအနှစ်ထဲ ဝက်ဆီဖတ်များ ထည့်ပြီး လုံးပေးပါ။ ဆား ထည့်ပြီး နှံ့အောင် မွှေပေးပါ။ ခရမ်းသီးနူးလျှင် ဆားမြည်းပါ။ လိုတာ ထပ်ဖြည့်ပါ။
  4. ဆီပြန်ပြီး အိုးကပ်လာလျှင် ရှောက်ရွက်ဖြူးပြီး မီးဖိုပေါ်မှာချပါ။ တမင်းပူပူ နှင့် တွဲပြီး သုံးဆောင်လို့ရပါပြီ။

Credit: Syi Foodsgarden