ဝက်သားကို ဒီအတိုင်း ဆီပြန်ချက်စားရတာ စိတ်ကုန်ငြီးငွေ့လာပြီဆိုသူတွေအတွက် အပြောင်းအလဲလေးဖြစ်အောင် ဝက်သားလုံးချက်လေး ချက်စားကြည့်မယ်။
ပါဝင်ပစ္စည်း
- ဝက်သား 30 သား စဉ်းပြီး
- ခရမ်းချဉ်သီး တလုံး
- ကြက်သွန်နီ 7 လုံး၊ ကြက်သွန်ဖြူ
- အရောင်တင်မှုန့်၊ ပုဇွန်ငံပြာရည်၊ ဂျင်း
- ငြုပ်ကောင်းမှုန့်၊ ဆား၊ အချိုမှုန့်
ပြုလုပ်နည်း
ဝက်သား 30 သား စဉ်းပြီး ဆား ၊ အချိုမှုန့် ၊ ဂျင်း ၊ ကြက်သွန်ဖြူ ထောင်း ၊ ငြုပ်ကောင်းမှုန့် တို့နှင့် နယ်ပြီး လုံးထားပါ ။
ကြက်သွန်နီ 7 လုံး ၊ ခရမ်းချဉ်သီး တလုံး ၊ ဂျင်း ၊ ကြက်သွန်ဖြူ ထောင်း ၊ အရောင်တင်မှုန့် အနည်းငယ် နဲ့ ဆီသက်ပါ ။
ဆီသန့်တဲ့အထဲ အချိုအငံ၊ ပုဇွန်ငံပြာရည် အနည်းငယ် ထည့်ပြီး ဆီပြန်အောင် ချက်ပါ ။
ကျက်တော့ ဝက်သားလုံးများ ထည့်ပြီး ခဏအုပ်ထားပြီး ရေ နဲနဲချင်းစီ လိုက်ထည့်ပြီး ၊ ဆီပြန်ပြီး ကျက်သည်အထိ ချက်ပြီး သုံးဆောင်နိုင်ပါသည် ။
Credit: Daw Suu Suu