ဝက်သားကို ဒီအတိုင်း ဆီပြန်ချက်စားရတာ စိတ်ကုန်ငြီးငွေ့လာပြီဆိုသူတွေအတွက် အပြောင်းအလဲလေးဖြစ်အောင် ဝက်သားလုံးချက်လေး ချက်စားကြည့်မယ်။

ပါဝင်ပစ္စည်း

  • ဝက်သား 30 သား စဉ်းပြီး
  • ခရမ်းချဉ်သီး တလုံး
  • ကြက်သွန်နီ 7 လုံး၊ ကြက်သွန်ဖြူ
  • အရောင်တင်မှုန့်၊ ပုဇွန်ငံပြာရည်၊ ဂျင်း
  • ငြုပ်ကောင်းမှုန့်၊ ဆား၊ အချိုမှုန့်

ပြုလုပ်နည်း

ဝက်သား 30 သား စဉ်းပြီး ဆား ၊ အချိုမှုန့် ၊ ဂျင်း ၊ ကြက်သွန်ဖြူ ထောင်း ၊ ငြုပ်ကောင်းမှုန့် တို့နှင့် နယ်ပြီး လုံးထားပါ ။

ကြက်သွန်နီ 7 လုံး ၊ ခရမ်းချဉ်သီး တလုံး ၊ ဂျင်း ၊ ကြက်သွန်ဖြူ ထောင်း ၊ အရောင်တင်မှုန့် အနည်းငယ် နဲ့ ဆီသက်ပါ ။

ဆီသန့်တဲ့အထဲ အချိုအငံ၊ ပုဇွန်ငံပြာရည် အနည်းငယ် ထည့်ပြီး ဆီပြန်အောင် ချက်ပါ ။

ကျက်တော့ ဝက်သားလုံးများ ထည့်ပြီး ခဏအုပ်ထားပြီး ရေ နဲနဲချင်းစီ လိုက်ထည့်ပြီး ၊ ဆီပြန်ပြီး ကျက်သည်အထိ ချက်ပြီး သုံးဆောင်နိုင်ပါသည် ။

Credit: Daw Suu Suu