ခံတွင်းတွေ့သွားစေမယ့် ဝက်နံရိုးဟင်းကို ဘယ်လိုချက်ရမလဲ စဉ်းစားရကြပ်နေသူများအတွက် ဟင်းချက်ဝိုင်နဲ့ ရှယ်ချက်ထားတဲ့ ဝက်နံရိုးဟင်းလျာ ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ရေ ၅ ခွက် ( ၁ လီတာခွဲ)
  • ဆား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • ဝက်နံရိုး ၈၀၀ ဂရမ်
  • ဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဂျင်း ၁ ပြား (ပြားနေအောင် ဓားပြားရိုက်ပြီး ပါးပါးလှီးထားပါ)

  • ကြက်သွန်ဖြူ ၂ မြွှာ (ပါးပါးလှီးထားပါ)
  • ပဲပိစပ်အနှစ် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ငရုတ်ပွ တစ်ဝက် (အနေတော် လှီးထားပါ)
  • ကြက်သွန်နီ ၁ ဥ (တစ်လက်မပတ်လည် အတုံး တုံးထားပါ)
  • ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း

  • သကြား လက်ဖက်ရည်ဇွန်းတစ်ဝက် နှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • နှမ်းဆီ လက်ဖက်ရည်ဇွန်းတစ်ဝက်
  • ပဲငံပြာရည်အကြည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းခွဲနှင့် ပဲငံပြာရည်အနောက် လက်ဖက်ရည်ဇွန်းတစ်ဝက်
  • ပြောင်းမှုန့်ရည် (ပြောင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်းကို ရေ စားပွဲတင်ဇွန်း ၂ ဇွန်းဖြင့် သမအောင် ရောနှောထားပါ)
  • ကြက်သွန်မြိတ် ၁ ပင် (ပါးပါးလှီးထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ရေ ၁ လီတာခွဲကို ဒယ်အိုးအကြီးထဲထည့်ပါ။ ဆား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံထည့်ပါ။ ဝက်နံရိုး ထည့်ကာ မိနစ် ၄၀ ခန့် တည်ထားလိုက်ပါ။

မိနစ် ၄၀ ပြည့်သွားတဲ့အခါမှာတော့ ဝက်နံရိုးများကို ဆယ်ယူလိုက်ပါ။ ဝက်နံရိုးအရည်ကိုတော့ ဆန်ခါဖြင့် စစ်ချကာ အရည်သန့်သန့်လေးရအောင် စစ်ယူပါ။

၂။ ဒယ်အိုးကို အလယ်အလတ်မီးအပူချိန်ပြန်ပေးပါ။ ဂျင်းထည့်ကာ ၁၅ စက္ကန့်၊ စက္ကန့် ၃၀ ခန့် ဆီသတ်ပါ။

၃။ ကြက်သွန်ဖြူ၊ ပဲပိစပ်အနှစ်၊ ကြက်သွန်ဖြူနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ တစ်မိနစ်ခန့် မွှေကြော်ပါ။ ထို့နောက် ဝက်နံရိုးများ ထည့်လိုက်ပါ။

၄။ ဟင်းချက်ဝိုင် ထည့်ပါ။ ထို့နောက် ဝက်နံရိုးရည်များ ထည့်ကာ ဆူပွက်လာအောင် တည်လိုက်ပါ။

၅။ သကြာား၊ ငရုတ်ကောင်းမှုန့်၊ နှမ်းဆီ၊ ပဲငံပြာရည်အကြည်နှင့် အနောက်တို့ထည့်ကာ ၂ မိနစ်ခန့် မွှေကြော်လိုက်ပါ။

၆။ ထို့နောက် ပြောင်းမှုန့်ရည်များ လောင်းထည့်ပါ။ ဟင်းရည်များ အတန်ငယ် ခမ်းသွားတဲ့အထိ မွှေပြီးတဲ့နောက်မှာ မီးဖိုးပေါ်က ချခါနီးကျမှ ကြက်သွန်မြိတ်လေး ထည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ဝက်နံရိုးဟင်းလျာတစ်ခွက် ရရှိသွားပါပြီ။

Source: Thewoksoflife.com