အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့အစားအစာလေးကတော့ ဝက်သားတုတ်ထိုးကင် ပြင်ဆင်ပြုလုပ်နည်းပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်သား ၂ ပေါင်
  • ဝိုင်နီ စားပွဲတင်ဇွန်း ၄ ဇွန်း
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၄ ဇွန်း
  • ကြက်သွန်ဖြူ ၅ မြွှာ (ဓားပြားရုက်ထားပါ)
  • ကြက်သွန်နီ ၁ ဥ (တစ်လက်မပတ်လည် အရွယ်အစားခန့် လှီးဖြတ်ထားပါ)

  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဝက်သားတုံးများကို တစ်လက်မပတ်လည် အတုံး တုံးထားပါ။ ကြက်သွန်နီကို တစ်လက်မပတ်လည် လှီးဖြတ်ထားပါ။ ကြက်သွန်ဖြူကို ဓားပြားရိုက်ပြီး နုပ်နုပ်စသ်းထားပါ။

၂။ ထို့နောက် ပန်းကန်လုံးထဲတွင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဝက်သားတို့ထည့်ပါ။ ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်တို့ထည့်ကာ သမအောင် နယ်ထားလိုက်ပါ။

၃။ ထို့နောက် သံလွင်ဆီ စားပွဲတင်ဇွန်း ၄ ဇွန်း၊ ဝိုင်နီ စားပွဲတင်ဇွန်း ၄ ဇွန်း ထပ်ထည့်ပြီး သမအောင် ထပ်နယ်ပါ။ ထို့နောက် ၁၅ မိနစ်၊ မိနစ် ၃၀ ခန့် နှပ်ထားပါ။

အကင်တုတ်ချောင်းများကိုတော့ ရေထဲတွင် ကြိုစိမ်ထားလိုက်ပါ။

၄။ ထို့နောက် ဝက်သားနှင့် ကြက်သွန်နီတို့ကို အကင်တုတ်ချောင်းထဲတွင် တစ်လှည့်စီ ထိုးထည့်ထားလိုက်ပါ။

၅။ ထို့နောက် အကင်မီးဖို (သို့) အကင်ဒယ်ပြားကို အပူပေးပါ။ ဝက်သားတုတ်ထိုးများကို မီးဖိုပေါ်တင်ကာ ၄ မိနစ်ခန့် ကင်ပေးလိုက်ပါ။ ထို့နောက် အခြားတစ်ဖက်သို့လှန်ကာ အသားက အညိုရောင် ပြောင်းသွားသည်အထိ ကင်ပေးလိုက်ပါ။

အကုန်ကင်ပြီးသွားပြီဆိုရင်တော့ အရသာရှိတဲ့ ဝက်သားကင်လေး ရရှိသွားပါပြီ။

Source: Natashaskitchen.com