အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ အရသာရှိတဲ့ ဝက်သားသုံးထပ်သားကို ပိုအရသာရှိအောင်လို့ ကြက်သွန်ဖြူဆော့စ်နဲ့ ဘယ်လိုချက်စားမလဲဆိုတာကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်သား သုံးထပ်သား ၁ ပေါင်
  • တစ်လက်မအရွယ် ဂျင်းတုံးတစ်တုံး
  • ကြက်သွန်နီ ၁ ဥ
  • ရေ
  • တရုတ်နံနံ တစ်စည်း

ကြက်သွန်ဖြူ ဆော့စ်ပြုလုပ်ရန်

  • ကြက်သွန်ဖြူ ၄ မြွှာ (ပြားနေအောင် ဓားရဲ့ဖင်ပိုင်းဖြင့် ဖိထားလိုက်ပါ)
  • ငရုတ်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း တစ်ဝက်
  • ရေ ၁၂၅ မီလီလီတာ (ဝက်သားပြုတ်ထားသောရည်ကိုလည်း အသုံးပြုနိုင်ပါတယ်)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဝက်သား၊ ဂျင်း၊ ကြက်သွန်နီနှင့် တရုတ်နံနံတို့ကို ရေဖြင့် စင်ကြယ်အောင် ဆေးကြောထားပါ။ ဂျင်းတုံးကိုလည်း ပါးပါးလှီးထားပါ။

၂။ အိုးထဲသို့ ရေထည့်ထားပြီး ဂျင်း၊ ကြက်သွန်နီ၊ ငရုတ်ကောင်းအစေ့၊ ငရုတ်သီးခြောက်နှင့် ဝက်သားတို့ထည့်ပြီး ၁၅ မိနစ်ခန့် တည်ထားလိုက်ပါ။ ဝက်သားများ နူးအိသွားပါက အိုးထဲကထုတ်ပြီး အအေးခံထားလိုက်ပါ။

၃။ ကြက်သွန်ဖြူ ဆော့စ် ပြုလုပ်ရန်အတွက် ပြားနေသော ကြက်သွန်ဖြူ၊ ငရုတ်နှစ်၊ ဆား၊ ပဲငံပြာရည်နှင့် ဝက်သားပြုတ်ရည် (သို့) ရေ ၁၂၅ မီလီလီတာတို့ကို ပန်းကန်လုံးတစ်လုံးထဲထည့်လိုက်ပါ။

၄။ ဝက်သားများ အေးသွားပါက ပါးပါးလှီးပြီး ပန်းကန်ပြားထဲထည့်ထားလိုက်ပါ။ ထိုဝက်သားပေါ်သို့ စောစောက စပ်ထားသော ကြက်သွန်ဖြူဆော့စ်များကို ညီညီညာညာ ဆမ်းထည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ဝက်သုံးထပ်သား ဟင်းလျာလေး ရရှိသွားပါပြီ။

ဒီဟင်းလျာက လတ်ဆတ်တဲ့ သခွားသီး (သို့မဟုတ်) ပန်းဂေါ်ဖီစိမ်းတို့နဲ့လည်း အင်မတန်လိုက်ဖက်ပါတယ်။

Source: Chinasichuanfood.com