အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ဝက်သားကို အမြဲ စားနေကျနဲ့မတူအောင် ကြော်စားလို့ရတဲ့ နည်းကို မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်း

  • ဝက်သား ၂၅၀ ဂရမ်
  • တရုတ်နံနံရိုး အနည်းငယ်
  • ဝက်သားအတွက်အနှစ်လုပ်ရန်
  • ဆားအနည်းငယ်

Source: RecipeLand.com

  • ဝိုင် အနည်းငယ်
  • ကော်မှုန့် အနည်းငယ်
  • ကြက်ဥအကာ ၁ လုံး
  • ငရုတ်ကောင်း (အဖြူ) အနည်းငယ်

တခြားပါဝင်ပစ္စည်းများ

  • ကြက်သွန်မြိတ်အနည်းငယ်
  • ကြက်သွန်ဖြူ အနည်းငယ်
  • ဆီ
  • ဝိုင်

 

Source: IndiaMART

  • ငရုတ်ကောင်းမှုန့်(အဖြူ) အနည်းငယ်
  • ဆားအနည်းငယ်
  • ဂျင်းအနည်းငယ်
  • ရှာလကာရည်အနည်းငယ်

ပြုလုပ်နည်း

အရင်ဆုံး ဝက်ကသားကို ခပ်သေးသေးလေး လှီးလိုက်ပါ။

ပြီးရင်တော့ ရေအေးနဲ့ စိမ်ထားလိုက်ပြီး ရေဆေးချလိုက်ပါ။

အဲဒီနောက် ဆား၊ ငရုတ်ကောင်းမှုန့်ထည့်ပြီးနယ်ပေးလိုက်ပါ။ ဝိုင်ဖြူလည်းထည့်ပါ။

ပြီးရင်တော့ ကြက်ဥအကာထည့်လိုက်ပြီး၊ ကော်မှုန့်အနည်းငယ်ထည့်ကာ ထပ်မွှေပေးလိုက်ပါ။

ရေခဲသေတ္တာထဲမှာ မိနစ် ၃၀ ခန့်ထားထားပါ။

နံနံရိုးကို ပါးပါးလှီးလိုက်ပါ။

တခြားပါဝင်ပစ္စည်းတွေထဲက ပါဝင်ပစ္စည်းတွေအားလုံးကိုရောလိုက်ပါ။

ဆီကိုအပူပေးလိုက်ပါ။ ပြီးရင်တော့ ဝက်သားထည့်ကြော်လိုက်ပါ။

ဝက်သားရပြီဆိုရင် ချထားလိုက်ပါ။

ပြီးရင်တော့ တခြားပါဝင်ပစ္စည်းတွေရောထားတာကို ထည့်လိုက်ပါ။

ပြီးရင် ဝက်သားထပ်ထည့်ပြီး နံနံရိုးထည့်လိုက်ပါ။

ဝက်သားကို ကြွပ်အောင်ကြော်လို့ရသလို မကြွပ်အောင် ကြော်ရင်လည်းရပါတယ်။ ပူပူလေးစားရင် အရသာသိပ်ရှိတာနော်။

Source: www.yumofchina.com

By: MyFood Myanmar