အာလူးဟင်းအတွက် ပါဝင်သောပစ္စည်းများ

၁။ ကြက်ပေါင် – ၂ခု (တဝက်ပိုင်းပေးပြီး ဆား၊ ကြက်သားမှုန့်တို့ဖြင့် နယ်ထားပေးပါ) (Optional)

၂။ အာလူး – ၇ လုံး (အတုံးသေးများ တုံးပါ)

၃။ ကြက်သွန်နီ – ၁လုံး (နုတ်နုတ်စဉ်း)

၄။ ကြက်သွန်ဖြူ – ၄ မြွှာ (နုတ်နုတ်စဉ်း)

၅။ ကလဝေးရွက် -၂ ရွက်

၆။ သစ်ဂျပိုး – ၂ခု

၇။ ငရုတ်သီးမှုန့် – စားပွဲတင်ဇွန်း တဝက်

၈။ ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ

၉။ မုန်ညှင်းစေ့ (လက်ဖက်ရည်ဇွန်း ၂ ဇွန်း)

၁၀။ ဇီယာ (လက်ဖက်ရည်ဇွန်း ၁ ဇွန်း)

၁၁။ ဆား၊ ကြက်သားမှုန့်

အာလူးဟင်း ချက်ပြုတ်နည်း

၁။ ဒယ်ထဲ ဆီထည့်ပါ။ ကြက်သွန်ဖြူ၊ နီကို အညိုရောင်သန်းလာသည်အထိ ဆီထိုးပါ။

၂၊ ပြီးလျှင် ငရုတ်သီးမှုန့်၊ ဆနွင်းမှုန့် ထည့်ပြီး မွှေပေးပါ။ ထို့နောက် ကြက်သားများကို ဒယ်ထဲ ထည့်ကာ ရောမွှေပေးပါ။

၃။ ပြီးနောက် အားလူး၊ မုန့်ညှင်းစေ့၊ ဇီယာ၊ ကလဝေရွက်၊ သစ်ဂျပိုး ထည့်ပါ။

၄။ အရသာအတွက် ဆား(လက်ဖက်ရည်ဇွန်း ၃ဇွန်း)၊ ကြက်သားမှုန့်(လက်ဖက်ရည်ဇွန်း ၂ဇွန်း) ထည့်ပါ။

ပူတီ၊ ချာပတီအတွက် ပါဝင်သောပစ္စည်းများ

၁။ ဂျုံ – ၁၅၀ ဂရမ်

၂။ ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း

၃။ ရေ

ပူတီ၊ ချာပတီ လုပ်နည်း

၁။ ဂျုံ၊ ဆား၊ ရေ ကိုသမအောင်ရောနယ်ပေးပါ။ ဂျုံဒိုးကို ပျော့သွားလျှင် ဂျုံထပ်ထည့်ပေးပါ။

၂။ ပြီးလျှင် နယ်ထားသော ဂျုံဒိုးကို ဆီအနည်းငယ် ထည့်ကာ ၁လက်မအရွယ် အလုံးလေးများလုံးပေးပါ။

၃။ ထို့နောက် ဂျုံလုံးလေးများကို ထလိမ့်တုံးအဖြစ် အပြားဖြစ်အောင် လုပ်ပေးပါ။ တလိမ့်တုံးတွင် ဂျုံများမကပ်အောင် လှိမ့်လျှင် ဂျုံပြားပေါ် ဂျုံမှုန့်များ ဖြူးပေးပါ။

၄။ ဒယ်ထဲတွင် ဆီနည်းနည်းထည့်ကာ ဂျုံပြားများကို ထည့်ကြော်ပေးပါ။ ချာပတီများကို အသင့်စားနိုင်ပါသည်။

မှတ်ချက်။ ။ ဆီများများနှင့် ဂျုံပြားကို ကြော်ပါက ပူတီကို ရရှိမည် ဖြစ်ပါသည်။

၅။ အရသာ ထူးကဲပြီး အိန္ဒိယအနံသင်းစေသည့် အာလူး ပူတီ၊ ချာပတီကို သုံးဆောင်နိုင်ပါပြီ။

Credit: Cho Wut Yee (Wutyee Food House)