ဒီတစ်ခါမှာတော့ ကလေးလူကြီးမရွေး စားသုံးဖို့သင့်တော်တဲ့ မုန့်လုပ်နည်းလေးကို တင်ဆက်ပေးချင်ပါတယ်။ အာဟာရရှိတဲ့ မုန်အဖြစ် ကြက်သားနဲ့အာလူးကိုအဓိကသုံးပြီး အရသာရှိတဲ့ ကြက်သားဒိုးနပ်ပြုလုပ်နည်းကို ပြောပြပေးသွားမှာပါ။ လုပ်ရတာလည်း မခက်ခဲတဲ့အတွက် လိုက်လုပ်လို့ အဆင်ပြေပါတယ်။

အရိုးမပါတဲ့ကြက်သား – ၂၀၀ ဂရမ်ကို ကြိတ်စက်ထဲထည့်ပါ။

ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ငရုပ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်းတစ်ဝက်၊ မဆလာ – လက်ဖက်ရည်ဇွန်းတစ်ဝက်၊ အရောင်တင်ပန်းငရုပ်မှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ထောင်းထားတဲ့ ကြက်သွန်ဖြူနဲ့ ဂျင်း – လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာ၊ သေးသေးလှီးထားတဲ့ ကြက်သွန်နီ – ပန်းကန်လုံးအသေး ၁ လုံးစာ၊ ငရုပ်သီးတောင့် – ၂ တောင့်လောက်လှီးထည့်ပါ။ နံနံပင်ကိုလည်း နည်းနည်းလှီးထည့်ပါ။ အားလုံးပြီးရင်တော့ ကြိတ်လိုက်လို့ရပါပြီ။

ကြိတ်ပြီးသွားရင် ပန်းကန်ထဲပြောင်းထည့်ပါ။ အာလူးအကြီး – ၃ လုံးကို ညက်နေအောင်ထောင်းပြီး ထည့်ပါ။ ဂျုံမှုန့် – စားပွဲတင်ဇွန်း ၂ ဇွန်း၊ ပြောင်းဂျုံ – စားပွဲတင်ဇွန်း တစ်ဇွန်းခွဲ၊ ကြက်ဥ – ၁ လုံးဖောက်ထည့်ပြီး သမအောင်နယ်လိုက်ပါ။

ပန်းကန်ပြားတစ်ခုထဲကို ဂျုံမှုန့် နည်းနည်းဖြူးထားလိုက်ပါ။ နောက်ထပ်ပန်းကန်ထဲကို ကြက်ဥ ၂ လုံး ဖောက်ထည့်ပြီး ခလောက်ထားပါ။ နောက်ပန်းကန်ထဲကိုတော့ Bread Crumbs ထည့်ထားပါ။

အားလုံးပြီးရင် နယ်ထားတာတွေကို စပြီးပုံသွင်းပါတော့မယ်။ ပုံမှာပြထားတဲ့အတိုင်း အပြားထူထူလေးတွေလုပ်ပြီး ပန်းကန်ထဲတန်းစီထည့်ပါ။  ပြီးမှ အလယ်ကနေ ပုံစံခွက်နဲ့ ဖောက်ပြီး ဒိုးနပ်လိုပုံလေးဖြစ်အောင် လုပ်မှာပါ။

ဒိုးနပ်လိုပုံလေးဖြစ်သွားပြီဆိုရင် တစ်ခုချင်းစီယူပြီး ကြက်ဥပန်းကန်ထဲနှစ်လိုက်ပါ။ ပြီးရင် Bread Crumbs ပန်းကန်ထဲနှစ်လိုက်ပါ။ ပြီးရင်တော့ ဆီထဲထည့်ကြော်လို့ရပါပြီ။

ကြော်ပြီးတာနဲ့ ပန်းကန်ထဲခူးထည့်ပြီး အချဉ်လေးနဲ့ တို့စားနိုင်ပါပြီ။ ဒါဆိုရင်တော့ ကြက်သားနဲ့အာလူးကို အဓိကသုံးပြီး အရသာရှိတဲ့ ကြက်သားဒိုးနပ်ပြုလုပ်တာ ပြီးသွားပါပြီ။

Source: www. spicebangla