အားလုံးပဲ မင်္ဂလာပါ။ အာလူးကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ အာလူးကတ်သလစ်ကြော် ကြက်ဥပြုတ် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။ ဒီဟင်းလျာထဲက ကြက်ဥပြုတ်က ရိုးရိုးကြက်ဥပြုတ်ပုံစံမျိုးမဟုတ်ဘဲ Half-Fried ကြော်တဲ့ပုံစံမျိုးအတိုင်း ကြက်ဥကို ပြုတ်မှာပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ချိစ် ၅၀ ဂရမ်
  • ကြက်ဥ ၂ လုံး
  • ဝက်ပေါင်ခြောက် ၇၅ ဂရမ် (ပါးပါးလှီးထားပါ)
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဂျုံမှုန့် ၂၅ ဂရမ်

  • အာလူး ၅၀၀ ဂရမ် (အခွံခွာပြီး အတုံးခပ်သေးသေးတုံးထားပါ)
  • ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အာလူးတုံးများကို ဆားထည့်ထားသော ရေထဲထည့်ကာ ပွက်ပွက်ဆူလာအောင် တည်ထားလိုက်ပါ။ ပွက်ပွက်ဆူလာပါက မီးအပူကို လျော့ပြီး နောက်ထပ် ၁၀ မိနစ်ခန့် ထပ်တည်ထားလိုက်ပါ။

ထို့နောက် အာလူးများကို ဇလုံအကြီးထဲသို့ ခပ်ထုတ်လိုက်ပြီး ဇွန်းဖြင့် ညက်နေအောင် ဖိချေပေးလိုက်ပါ။

၂။ ထို့နောက် အာလူးဇလုံထဲသို့ ဝက်ပေါင်ခြောက်၊ ချိစ်၊ ဂျုံမှုန့်တို့ထည့်ကာ သမအောင် နယ်ပေးလိုက်ပါ။ ပြီးရင်တော့ အာလူးအရောအနှောကို လက်ဖဝါးဖြင့် လုံးပေးလိုက်ပါ။

၃။ နောက်တစ်ဆင့်အနေနဲ့ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက အာလူးများကို ၅ မိနစ်ခန့် ထည့်ကြော်ပေးလိုက်ပါ။ ထို့နောက် အခြားတစ်ဖက်သို့လှန်ကာ ရွှေညိုရောင် သမ်းလာသည်အထိ ထပ်ကြော်ပေးလိုက်ပါ။

Source: Deliaonline.com

၄။ ကြက်ဥကို မကျက်တကျက်ပြုတ်ဖို့အတွက် အရင်ဦးဆုံး ဒယ်အိုးကို အပူပေးပြီး ဆားရေထည့်လိုက်ပါ။ ရှာလကာရည်ထည့်ပြီးနောက် မီးအေးအေးဖြင့် ပွက်ပွက်ဆူလာအောင် တည်လိုက်ပါ။ ပွက်ပွက်ဆူလာပါက ကြက်ဥကို ဖောက်ထည့်ပြီး ၃ မိနစ်၊ ၄ မိနစ်ခန့် ပြုတ်ပေးလိုက်ပါ။ ထို့နောက် အပေါက်ပါသောဇွန်းအကြီးဖြင့် ကြက်ဥပြုတ်ကို ဆယ်ယူလိုက်ပါ။

၅။ ပန်းကန်ပြားထဲတွင် အာလူးကတ်သလစ်နှစ်ချပ်ကို အစီအရီတင်ထားလိုက်ပါ။ အာလူးပေါ်တွင် ကြက်ဥတစ်လုံးတင်ကာ ဆလပ်ရွက် (သို့) မိမိနှစ်သက်ရာ ဟင်းသီးဟင်းရွက် တစ်မျိုးမျိုးဖြင့် အလှဆင်ကာ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Supervalu.ie