အားလုံးပဲ မင်္ဂလာပါ။ ဖက်ထုပ်ပေါင်း ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ အရသာရှိတဲ့ အာလူးချိစ် ဖက်ထုပ်ပေါင်း ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဂျုံမှုန့် ၂၇၂ ဂရမ်
  • ကြက်ဥ ၁ လုံး
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်သီးနွေး ရေနွေး ၂၅၀ မီလီလီတာ
  • အာလူး ၂ ပေါင် (ပြုတ်ထားလိုက်ပါ)

  • ပါးပါးလှီးထားသော ကြက်သွန်နီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ချိစ် ၈ အောင်စခန့်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အာလူးပြုတ်ကို အခွံခွာပြီး ပန်းကန်လုံးထဲထည့်ကာ ခက်ရင်းဖြင့် ချေမွထားလိုက်ပါ။ အာလူးများ ကြေမွသွားပြီဆိုရင်တော့ ချိစ်အနည်းငယ်၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ ခက်ရင်းဖြင့် ထပ်မွှေပေးလိုက်ပါ။

၂။ ဂျုံမှုန့်ကို ပန်းကန်လုံးအကြီးထဲထည့်ပြီးနောက် ကြက်ဥဖောက်ထည့်လိုက်ပါ။ ကြက်သီးနွေး ရေနွေးလေး အနည်းငယ်ထည့်ကာ ဂျုံမှုန့်လုံးရအောင် နယ်ဖတ်ပေးလိုက်ပါ။

ရရှိလာတဲ့ ဂျုံမှုန့်ကို ထက်ခြမ်းခြမ်းပြီးနောက် သဘက်လေးဖြင့် မိနစ် ၂၀ ခန့် အုပ်ထားလိုက်ပါ။

၃။ အချိန်ပြည့်ပါက ဂျုံလုံး တစ်ခြမ်းစီကို ဒလှိမ့်တုံးဖြင့် ပြားနေအောင် လှိမ့်ပြီးနောက် စက်ဝိုင်းပုံသဏ္ဍာန် လှီးဖြတ်ထားပါ။ စောစောကနယ်ထားသော အာလူးအစာသွပ်များကို စက်ဝိုင်းအလယ်ဗဟိုတည့်တည့်တွင် ထားထားပြီး ဖက်ထုပ်ဖြစ်သွားအောင် ထုပ်ပေးလိုက်ပါ။

၄။ ရရှိလာတဲ့ ဖက်ထုပ်များကို အိုးထဲထည့်ကာ ပွက်ပွက်ဆူလာအောင် တည်ထားလိုက်ပါ။

ပွက်ပွက်ဆူသွားပြီဆိုရင်တော့ ပန်းကန်ပြားထဲ ဆယ်ယူလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ အာလူး ချိစ်ဖက်ထုပ်လေး ရရှိသွားပါပြီ။

Source: Thespruceeats.com