အာလူးချောင်းကြော်ကြိုက်တဲ့သူတွေအတွက် ဒီတစ်ခါမှာတော့ ချိစ်အာလူးချောင်းကြော်လုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။ လုပ်ရတာလည်း အရမ်းလွယ်သလို ပါဝင်ပစ္စည်းကလည်း မများတဲ့အတွက် လုပ်ရတာ အဆင်ပြေမှာပါ။

အာလူးအကြီး ၂ လုံးကို အခွံခွာပြီး လှီးပြီး ပြုတ်ပေးပါ။ ပြုတ်ပြီးရင် ဆယ်ထုတ်ပြီး ချေပေးရပါမယ်။

ချေပြီးရင် ပန်းကန်ထဲထည့်ပြီး ပြောင်းဂျုံ – စားပွဲတင်ဇွန်း ၇ ဇွန်းထည့်ပါ။ ချိစ်အတုံးတစ်တုံးကိုယူပြီး ခြစ်ချပါ။ Oregano ဟင်းခတ်အမွှေးအကြိုင် – စားပွဲတင်ဇွန်း တစ်ဝက်စာထည့်ပြီး သမအောင်နယ်လိုက်ပါ။

နယ်ပြီးရင် လက်နဲ့ဆုပ်ဆုပ်ပြီး ပလတ်စတစ်အိတ်ထဲထည့်ပါ။ ပြီးရင် ဖိချပြီး ဒလှိမ့်တုံးနဲ့ ပြားနေအောင် လှိမ့်ပေးပါ။ သေချာလုပ်ပြီးပြီဆိုရင် အိတ်ကိုခွဲပြီး ပုံမှာပြထားတဲ့အတိုင်း အချောင်းလေးတွေ ညီညီညာညာ လှီးပေးပါ။

လှီးပြီးရင်တော့ ဒယ်အိုးထဲကို ဆီများများထည့်ပြီး စကြော်လို့ရပါပြီ။

ကြော်ပြီးသွားရင် ပန်းကန်ထဲခူးထည့်ပြီး အချဉ်နဲ့တို့ကာ စားသုံးနိုင်ပါပြီ။ ဒါဆိုရင်တော့ ချိစ်အာလူးချောင်းကြော်တာ ပြီးသွားပါပြီ။

Source: www. funcookingwithyackikuka