အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ အာလူးနဲ့ ချိစ်အရသာလေး ပါဝင်တဲ့ ကြက်ကြော်ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပြင်ဆင်ချက်ပြုတ်ပြီး ကြော်လှော်ရတာ အချိန်သိပ်မပေးရတဲ့အတွက်ကြောင့် အိမ်ရှင်မတွေ အကြိုက်တွေ့မယ်လို့ မျှော်လင့်မိပါတယ်။

ပါဝင်ပစ္စည်းများ

  • နုတ်နုတ်စင်းထားသော ကြက်သား ပန်းကန်လုံး တစ်ခွက်စာ
  • ပါးပါးလှီးထားသော ဒိန်ခဲ ပန်းကန်လုံး တစ်ခွက်ခန့်
  • အရွက်များညှပ်ထားသော နံနံပင် စားပွဲတင်ဇွန်း တစ်ဇွန်းစာ
  • ပါးပါးလှီးထားသော ကြက်သွန်မြိတ် စားပွဲတင်ဇွန်း တစ်ဇွန်းစာ
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်ခန့်
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ
  • ထောင်းထားသော အာလူး ပန်းကန်လုံး သုံးလုံးစာ
  • ကြက်ဥတစ်လုံး (မွှေခလောက်ထားပါ)
  • ဖဲ့ထားသော ပေါင်မုန့် အပဲ့များ ပန်းကန်လုံးတစ်လုံးစာ

ပြုလုပ်နည်းအဆင့်ဆင့်

ပထမဦးဆုံး ဒိန်ခဲ၊ နံနံပင်၊ ကြက်သွန်မြိတ်၊ ဆား၊ ငရုတ်ကောင်း၊ နုတ်နုတ်စင်းထားတဲ့ ကြက်သား၊ ထောင်းထားတဲ့ အာလူးတွေကို ဇလုံအကြီးတစ်လုံးထဲထည့်ပြီး သမအောင်နယ်လိုက်ပါ။ နယ်ပြီးသွားပြီဆိုရင် အလုံးသေးသေးလေးတွေဖြစ်သွားအောင် လုံးလိုက်ပါ။

ပြီးရင် မွှေခလောက်ထားတဲ့ ကြက်ဥပန်းကန်ထဲကို အသားလုံးထည့်လိုက်ပါ။ ထို့နောက် ကြက်ဥအနှစ်တွေ ကပ်နေတဲ့အသားလုံးကို ပေါင်မုန့်အကြေတွေကပ်သွားဖို့အတွက် ပေါင်မုန့်ပန်းကန်ထဲ ထည့်လိုက်ပါ။

Photo Source: www.muji.com

အသားလုံးတွေကို ကြက်ဥနဲ့ပေါင်မုန့်တွေ ကပ်သွားအောင် လုပ်ပြီးတဲ့နောက်မှာတော့ ဆီပူထဲထည့်ကြော်လိုက်လို့ရပါပြီ။

Photo Source: www.hungryforever.com

ကြော်ပြီးတဲ့အသားလုံးတွေကို ခဏတာ အအေးခံပြီးတဲ့နောက်မှာတော့ အာလူးနဲ့ ချိစ်ပါဝင်တဲ့ ကြက်ကြော်လုံးလေးတွေကို အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။