ထမင်းစားပြီးတဲ့အခါ အချိုပွဲ တည်းချင်သူတွေအတွက် ဒီတစ်ခါမှာတော့ အာလူးကြော် ကွက်ကီးပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

• သကြားအဖြူနှင့် သကြားအညို ၅၀ ဂရမ်စီ
• မြေပဲထောပတ် ၅၀ ဂရမ်
• ထောပတ် ၅၀ ဂရမ်
• ကြက်ဥ ၁ လုံး
• ဂျုံမှုန့် ၁၂၀ ဂရမ်

• အာလူးကြော် ပန်းကန်လုံး ၂ လုံးစာခန့် (အာလူးများကို ချေမွထားပါ)
• မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း လေးပုံသုံးပုံနှင့် မုန့်ဖုတ်ပေါင်ဒါ လက်ဖက်ရည်ဇွန်း တစ်ဝက်
• ချောကလက် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ Oven ကို ၃၇၅ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။ Oven ထဲထည့်မယ့် လင်ဗန်းပေါ်သို့ ဆီစုပ်စက္ကူလေး ခံထားလိုက်ပါ။

၂။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် သကြားအဖြူ၊ သကြားညို၊ မြေပဲထောပတ်၊ ထောပတ်နှင့် ကြက်ဥတို့ထည့်ပြီး သမအောင် မွှေထားလိုက်ပါ။ ထို့နောက် ဂျုံမှုန့်၊ မုန့်ဖုန်ဆိုဒါ၊ မုန့်ဖုတ်ပေါင်ဒါနှင့် အာလူးကြော် တစ်ဝက်ခန့်တို့ကို သမအောင် ရောမွှေပေးလိုက်ပါ။

၃။ ထို့နောက် ၁ လက်မပတ်လည်ကွတ်ကီးအရွယ်အစားခန့် လုံးပြီးနောက် လက်ဖဝါးလေးဖြင့် ဖိပေးလိုက်ပါ။ ပြီးရင်တော့ လင်ဗန်းပေါ် တင်ထားပြီးနောက် Oven ထဲထည့်ကာ ၁၀ မိနစ်ခန့် ထည့်ဖုတ်လိုက်ပါ။

၄။ မိုက်ခရိုဝေ့ဖ်ထဲ ထည့်လို့ရတဲ့ ပန်းကန်လုံးထဲသို့ ချောကလက်နှင့် မြေပဲထည့်ပြီး တစ်မိနစ်ခန့် အပူပေးလိုက်ပါ။

၅။ ချောကလက်မြေပဲများ အရည်ပျော်သွားပါက စောစောက ဖုတ်ထားသော ကွက်ကီးလေးများကို ချောကလက်ထဲသို့ တစ်ဝက်ထည့်နှစ်လိုက်ပါ။

၆။ ချောကလက်များ နှစ်ပြီးပြီးချင်းမှာပဲ အာလူးအကြေလေးများကို ကွက်ကီးပေါ်သို့ ဖြန်းလိုက်ပါ။

နောက်ဆုံးမှာတော့ အရသာချိုချိုလေးနဲ့ စားလို့ကောင်းတဲ့ အာလးကြော် ကွတ်ကီးအချိုပွဲလေး ရရှိသွားပါပြီ။

Source: Thespruceeats.com