အစားအသောက်ချစ်သူတွေအတွက် ဒီတစ်ခါမှာတော့ အာလူးကို ခေါက်ဆွဲခြောက်နဲ့ အရသာရှိရှိကြော်စားလို့ရမယ့် Potato Noodles Finger ပြုလုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။

ပထမဆုံးအနေနဲ့ ပြုတ်ထားတဲ့ အာလူး – ၂လုံးကို အခွံခွာပြီး သေးသေးလေးတွေဖြစ်အောင် ခြစ်ပေးပါ။ ပြီးတာနဲ့ ငရုပ်သီးစိမ်း – ၂ တောင့်ကို လှီးထည့်ပါ။ ကြက်သွန်နီ – ၁ လုံးကို သေးသေးလေးတွေလှီးထည့်ပါ။ ငရုပ်ကောင်းမှုန့် – အနည်းငယ်နဲ့ အရောင်တင်ငရုပ်သီးမှုန့် – အနည်းငယ်၊ ဆား – အနည်းငယ်၊ ဆန်မှုန့် – စားပွဲတင်ဇွန်း ၃ ဇွန်းစာထည့်ပြီး သမအောင်နယ်ပေးပါ။

နယ်ပြီးရင်တော့ အချောင်းလေးတွေဖြစ်အောင် လက်နဲ့ပုံသွင်းပေးပါ။ ခေါက်ဆွဲခြောက်တစ်ထုပ်ကို ထုချေပြီး ပန်းကန်ထဲထည့်ပါ။

ခေါက်ဆွဲခြောက်မှာပါတဲ့ အစပ်အမှုန့်ထုပ်ကို ပန်းကန်တစ်ခုထဲထည့်ပါ။ ပြီးရင် အဲ့ပန်းကန်ထဲကို ဂျုံမှုန့် – ခွက်ရဲ့ လေပုံ ပုံ တစ်ပုံစာ ထည့်ပါ။ ဆား – အနည်းငယ်၊ ရေ – အနည်းငယ်ထည့်ပြီး မွှေလိုက်ပါ။

ရပြီဆိုရင်တော့ ပုံသွင်းထားတဲ့ အာလူးချောင်းလေးတွေကို မွှေထားတဲ့ ပန်းကန်ထဲထည့်စိမ်၊ ပြီးရင် ခေါက်ဆွဲခြောက်ပန်းကန်ထဲ ထည့်နယ်ပါ။ အားလုံးပြီးရင် ရေခဲသေတ္တာထဲမှာ ၁၅ မိနစ်ထည့်ထားလိုက်ပါ။ အချိန်ပြည့်လို့ ရေခဲသေတတ္တာထဲကထုတ်ပြီးမှ ဆီအိုးထဲထည့်ကြော်ပါမယ်။

ကြော်ပြီးရင်တော့ အချဉ်လေးနဲ့တို့ပြီး စားသုံးနိုင်ပါပြီ။ ဒါဆိုရင်တော့ အရသာရှိတဲ့ Potato Noodles Finger ကို ရရှိသွားပါပြီ။

Source: www.toasted