ဒီနေ့အတွက်ဝေမျှပေးမယ့် ဟင်းလျာလေးကတော့ ဝက်သား အာလူးကတ်သလစ်ကြော်လေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အာလူး ၂ လုံး (အခွံခွာပြီး အတုံးခပ်သေးသေး တုံးထားပါ)
  • ကြက်သွန်နီ တစ်ခြမ်း (ပါးပါးလှီးထားပါ)
  • ဝက်သားပြားကြော် ၄ ပြား၊ ၅ ပြားခန့် (ခပ်သေးသေး တုံးထားပါ)
  • ဂျုံမှုန့် ၆၄ ဂရမ်နှင့် ပြောင်းမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်နှင့် ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အာလူးကို အခွံခွာပြီးနောက် အတုံးခပ်သေးသေး တုံးလိုက်ပါ။ ထို့နောက် စားစရာများ တုံးတစ်ရောနှောသည့်စက်ထဲထည့်ပြီး အနှစ်များရအောင် မွှေပေးလိုက်ပါ။ (ထိုနည်းလမ်းကို မသုံးချင်ဘူးဆိုရင်တော့ အာလူးကို အရင်ဆုံးပြုတ်ပါ။ အခွံခွာပြီးနောက် အာလူးကို ညက်နေအောင် ထောင်းလိုက်ပါ။

၂။ ရရှိလာတဲ့ အာလူးအနှစ်များကို ဇလုံအကြီးတစ်လုံးထဲထည့်ကာ ကြက်သွန်နီ၊ ဝက်သား၊ ဂျုံမှုန့်၊ ပြောင်းမှုန့်၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ဖြင့် သမအောင် ထပ်နယ်ပေးလိုက်ပါ။

၃။ ဒယ်အိုးတစ်လုံးကို အပူပေးပြီး ဆီအနည်းငယ်ထည့်ပါ။ ဆီပူလာပါက စောစောကနယ်ထားသော အာလူးအနှစ်များကို ဇွန်းအပြား ခပ်ကြီးကြီးဖြင့် ခပ်ပြီးနောက် ဒယ်အိုးထဲထည့်ပြီး အဝိုင်းပြားလေး ဖြစ်သွာအောင် ဖိပေးလိုက်ပါ။

၄။ ထို့နောက် ၅ မိနစ်ခန့် ကြော်ပြီးသွားပြီဆိုရင်တော့ အာလူးကို တစ်ဖက်သို့လှန်ကာ ၃ မိနစ်၊ ၄ မိနစ်ခန့် ထပ်ကြော်ပေးရပါမယ်။ ဒီလိုနဲ့ အာလူးက ရွှေညိုရောင် သမ်းသွားပြီဆိုရင်တော့ ပန်းကန်ပြားထဲ ပြောင်းထည့်ပေးလိုက်ပါ။ မုန့်နှစ်များ ကုန်သွားသည်အထိ ကြော်ပေးလိုက်ပါ။

အားလုံးကြော်ပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ဝက်သား အာလူးကတ်သလစ်ကြော်လေး ရရှိသွားပါပြီ။ မိမိနှစ်သက်ရာအချဉ်ရည်ဖြင့် အရသာရှိရှိ တို့စားလိုက်ပါ။

Source: Spicetheplate.com